မျက်နှာ ရှစ်ခေါက်ချိုးနဲ့ ခြူးတစ်ယောက် ဆိုင်ထဲသို့ ဝင်လာ
သည်။ ခြူး မျက်နှာ ညှိုးတာနဲ့ စိတ်ပူတတ်တဲ့ အိမ့်က
"ဘာဖြစ်လို့လဲ ခြူး ဘာလို့ စူပုပ်နေရတာလဲ"
" ခြူး ဒီလပတ် စာမေးပွဲ အမှတ်တွေ နည်းတယ်"
" ဟယ် မ ကလေးလေး စိတ်ညစ်နေပြီလား"
" ကလေး ဟုတ်လား ကလေး လို့ ခေါ်တာလား"
" အင်းပေါ့ မ ထက် ၁၀နှစ်တောင် ငယ်တဲ့ ကလေးလေး
ဘာလဲ ကလေးလို့ ခေါ်တာ မကြိုက်လို့လား ဒါဆို
ညီမလေးလို့ ခေါ်ရမလား"
ခေါင်းကို ပြုတ်ထွက်မတက် ရမ်းခါပြီး
"ဟင့်အင်း ညီမလေး မလုပ်ချင်ဘူး ညီမလေးဆို
ဒီထပ်ပိုတဲ့ ဆက်ဆံရေး မရတော့ဘူးမလား"
ခြူးပြောလိုက်တဲ့စကားကြောင့် အိမ့်တွေဝေသွားတယ် ပြီးမှ
"မဟုတ်ပါဘူး ဘယ်လိုဖြစ်ဖြစ် မ က အရမ်းချစ်မှာ"
ခြူး ကို အိမ့် ချစ်တယ် သို့သော် ခုမှ ကျောင်းတက်နေတဲ့
ငယ်ရွယ်တဲ့ ကောင်မလေး အပေါ် အရောင်တွေ မဆိုးချင်
မေတ္တာငတ်ခဲ့တဲ့ ခြူးအပေါ် ဖြူစင်တဲ့ မေတ္တာတွေပဲ ပေးပြီး
သူ့အချစ်တွေကို ဖုံးကွယ်ခဲ့တဲ့ အိမ့်။
ခြူးအမှတ်တွေ နည်းတယ်ဆိုတော့ အိမ့် စိတ်မကောင်း
သူ့ဆီကို အချိန်တွေ ပေးနေရလို့များ ခြူး အမှတ်တွေ
နည်းသလား တွေးမိတာနဲ့
" ခြူး မ Guide လုပ်ပေးရမလား"
" ဟာ တကယ်လား "
" အင်းပေါ့ ခြူး အဆင်ပြေမယ်ဆို မ လုပ်ပေးမယ်"
" မ က နေ့လည်တွေ မအားတော့ ညဘက် ပဲရမှာပေါ့"
" အင်း ခြူး အဆင်ပြေတယ်ဆို ခြူး အိမ်မှာ ညအိပ်ပြီး
Guide လုပ်ပေးမယ်လေ"
" ခြူး က အဆင်ပြေတယ် "
" ok ဒါဆို မနက်ဖြန် ညကနေ စ လိုက်ကြမယိလေ"
ခြူး တစ်ယောက် အပျော်ကြီး ပျော်နေတော့သည်။
" Don't say u miss me when u don't call"
အိမ်အပေါ်ထပ်က ခြူးရဲ့ သီချင်း ညည်းသံကို ကြားတော့
" ဦးမောင် ခြူး ခုတစ်လော တော်တော်လေး ပြောင်းလဲ
သွားတယ်နော် တက်ကြွနေတာပဲ"
" ဒါတွေက ဟို ကိတ်မုန့်ဆိုင်က သူဌေးမလေး ကြောင့်ပေါ့
ဒေါ်ခင်ရေ ခုလို ပြန်ဖြစ်လာတာ စိမ်ချမ်းသာစရာပဲ"
ဦးမောင်နဲ့ ဒေါ်ခင်က တီးတိုး ပြောဆိုနေကြသည်။
" အန်တီခင် နောက်နေ့ကစပြီး ညစာကို ပိုချက်နော်
မမက ခြူးကို Guide လာပြရင်း အိမ်မှာပဲ အိပ်တော့မှာ"
ပြောပြောဆိုဆိုနဲ့ ခြူးတစ်ယောက် အပေါ်ထပ် ပြန်တက်သွား
သည်။ အိမ့်လာမှာကို ခြူး ဒီလောက် ပျော်နေတယ်ပေါ့
ပျော်မှာပေါ့ သူဖြစ်ချင်သလိုဖြစ်လာတာကိုး အမှန်တော့ခြူးအမှတ်တွေ မနည်းခဲ့ဘူးလေ အမှတ်တွေနည်းတယ်ဆို
အိမ့် က စာသင်ပေးမယ်မှန်း သိလို့ တမင် ဂွင်ဆင်
လိုက်ခြင်းပင်။
တီ.... အိမ်ရှေ့မှ ကားဟွန်းသံ အိမ့် ရောက်လာပြီ
ဦးမောင်၊ဒေါ်ခင်နဲ့ အိမ့်ကို မိတ်ဆက်ပေးပြီး အပေါ်ထပ်တွင်
စာသင်ကြသည်။ စာသင်မယ်သာ ဆိုတယ် ခြူးက
အိမ့်ကို အကြည့်မလွှဲ။
"စာကို ကြည့်လေ ဟိတ် ကောင်မလေး"
" ကြည့်နေပါတယ်" .....
စာသင်ပြီးတော့ ခြူးကုတင်မှာပဲ နှစ်ယောက်တူတူ
အိပ်ကြသည်။ စကားပြောရင်း ခြူးက အိပ်ပျော် သွားပေမယ့်
အိမ့်ကတော့ ခြူးမျက်နှာလေး စေ့စိုက်ကြည့်ရင်း အိပ်မရခဲ့။
ညက တိတ်ဆိတ်နေတော့လ အိမ့်ရဲ့ ရင်ခုန်သံတွေက
ပေါက်ထွက်မတတ်ခုန်နေသည်ကို အတိုင်းသားကြားရသည်။
မီးရောင် မရှိပေမယ့် ဝင်းပနေသည့် ခြူးမျက်နှာကို
စေ့စိုက် ကြည့်ရင်း ထိန်းနေသည့် ကြားမှ
နှုတ်ခမ်းလေးကို ငြင်ငြင်သာသာ အိမ့် နမ်းခဲ့မိသည်။
.....💜
Part 8
Coming Soon
# Kira
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...