Part 13

166 18 0
                                    

ကိုယ့်ကြောင့် မျက်ရည်ကျသွားခဲ့တဲ့ ခြူးကို အိမ့်က ကြည့်ပြီး

ဂရုဏာသက်ပြီး ချော့နေလေသည်။

"ကဲပါ မ တောင်းပန်ပါတယ်နော် မငိုနဲ့တိတ် လာရင်ခွင်ထဲ"

ခြူးကတော့ အကဲပိုလေးပေါ့ နှစ်ခါမခေါ်ရဘူး အိမ့်ရဲ့ ရင်ခွင်

ထဲ ပြေးဝင်ပြီး ချွဲနေပြန်တယ်။

" ခြူးလည်း တောင်းပန်ပါတယ် ခြူးကိုစိတ်ပျက်သွားပြီလား"

"ဟာ ကလေးကလည်း ဘာလို့ စိတ်ပျက်ရမှာလဲ "

" နောက် နားလည်နိုင်အောင် လုပ်ပါမယ် "

" ရပါတယ် ဆိုးရင် လိမ္မာအောင် ချော့ရမှာ မ တာဝန်
စိတ်မပျက်ဘူးနော် အာဘွား"

" မ က သိပ်ချစ်ဖို့ကောင်းတယ် " ပြောရင်းဆိုရင်း အိမ့်

ရင်ခွင်ထဲကို အတင်းတိုးဝင်နေသည်။ ကိုယ်ချစ်ရတဲ့သူကို

ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ သဝန်တိုမိပေမယ့်လည်း

ကိုယ်ဆိုးမိလို့ စိတိပျက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးဟာ

ချစ်ရသူတိုင်းမှာရှိနေတတ်ပါတယ်။

" ခြူး ဒီနေ့တော့ အိမ်ပြန်လိုက်မယ်လေ ဦးမောင်တို့လည်း
စိတ်ပူနေလောက်ပြီ "

"ဦးမောင်တို့ကြောင့် ဟုတ်လို့လား မ ကို စိတ်ဆိုးမပြေလို့
တူတူမအိပ်ချင်လို့ မဟုတ်ဘူးလား"

" မဟုတ်ပါဘူး မ ကလည်း ပြေပြီ မွ"

" အင်း ပြန်အိပ်လိုက်ပါ ဒီညတော့ နားမှရမယ် "

" ဘာလို့လဲ စာသင်ရတာ ပင်ပန်းလို့လား"

"မဟုတ်ဘူး မနေ့ညက ကလေးကို ပြုစုရလို့ "

" ဟာာ မ ကလည်း ကွာ"

အိမ့်ရဲ့ ခပ်မှောင်မှောင်စကားကြောင့် ရှက်သွားတဲ့ ခြူးရဲ့

မျက်နှာလေးမှာ ရဲသွေးဖြာလျှက်။ လူကြီးတွေကိုလည်း

မပြောပဲ ညအိပ်ထွက်လာတော့ ပြန်သင့်ပြီ ထင်တာကြောင့်

အိမ့်က ခြူးကို အိမိပြန်ပို့ရန် ပြင်ဆင်နေသည်။

" ယူပြီးပြီလား ပစ္စည်းတွေ "

My Love , Cake Shop OwnerWhere stories live. Discover now