"ချွင် ချွင်" ဆိုင်အဝင်က ခေါင်းလောင်းသံလေးကြောင့်
ဝန်ထမ်းလေးမှ ဧည့်သည်လားလို့ ကြိုဆိုဖို့ လုပ်ပေမယ့်
မမအိမ့် ဖြစ်နေတယ်။
" အော် မမအိမ့် လာပြီလား စောသားပဲ မမ "
"အေး အရင်အပတ်က စာရင်းတွေ မစစ်လိုက်ရဘူးလေ
၂ပတ်စာပေါင်းပြီး စစ်ရမယ် အဲ့ဒါကြောင့် စောလာတာ"
"အိမ့်" ဆိုတာ အမျိုးသမီးလေးကတော့ အသက်က ၂၅
ခြူးခဏခဏ လာတတ်တဲ့ကိတ်မုန့်ဆိုင်ရဲ့ ပိုင်ရှင်ပေါ့
ကိတ်မုန့်ဆိုင်လေးဖွင့်ထားလို့ နယ်နယ်ရရတော့ မဟုတ်ဘူး
Tokyo(တိုကျို)မှာ ကျောင်းတက်ထားပြီး MBA
ဘွဲ့ရထားတဲ့သူ ဘာသာစကားတွေများစွာ ပြောဆိုနိုင်တဲ့သူ
စီးပွားရေးနဲ့ ပတ်သက်တာတွေ Management
(စီမံခန့်ခွဲမှု)တွေမှာ ကျွမ်းကျင်တယ်။ ပညာတတ်တယ်
ကိုယ့်အရည်အချင်းနဲ့ကိုယ် ဦးစီးဦးဆောင် လုပ်နိုင်တယ်။
ဘာသာစကားသင်တန်း ၊ HR စတဲ့ သင်တန်းတွေကို
Mon to Fri မှာ သင်ကြားနေပြီး ဝါသနာပါလို့
ဖွင့်ထားတဲ့ ကိတ်ဆိုင်လေးမှာတော့ Sat & Sun ဆို
ဆိုင်မှာ လာဦးစီးတယ်။ ဆရာမလည်းဖြစ် Boss
တစ်ယောက်လည်းဖြစ်တဲ့ "အိမ့်" လူအများနဲ့ ဆက်ဆံ
နေရတော့ ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းပြီး
ပျော်ပျော်နေတတ်တဲ့ "အိမ့်" အရပ်ရှည်ရှည် အသားဖြူဖြူ
ဥစ္စာပေါ ရုပ်ချော ဆိုတဲ့ ဂုဏ်နဲ့ ပြည့်နေတဲ့အပြင်
ပေါင်းသင်းဆက်ဆံရေးမှာလည်း perfect အဲ့လို
အရာရာ ပြည့်စုံနေတဲ့ "အိမ့်"မှာ သက်ဆိုင်သူ ရှိနှင့်ပြီးသားလား..........
" စာရင်းတွေ တွက်နေတုန်းမှာ ဝန်ထမ်းကောင်လေးက
" မမအိမ့် အရင်တပတ် တုန်းက မမ service
ပေးလိုက်တဲ့ ကျောင်းသူကောင်မလေး မှတ်မိလား"
" အော် ဟို အကြောင်တင်းတင်း ကျောင်းသူလေးလား"
" ဟုတ်တယ်မမ သူ တစ်ပတ်လုံး ဆိုင်ကို လာတယ်
အရင်နေ့က ဘာမှမပြောပေမယ့် မနေ့ကတော့
ထူးထူးခြားခြား မမကို မေးနေတယ်"
အိမ့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ် ရင်ခုန်သလိုလို
ကြည်နူးသလိုစတွေ့တည်းကပုံစံလေးကထူးခြားနေတဲ့အပြင်
စူပုပ်ပုပ်မျက်နှာလေးကို အိမ့်လည်း ကြွေမိနေတယ်လေ
ကိုယ် သတိထားမိတဲ့ ကောင်မလေးက ကိုယ့်ကို
မေးနေတယ်ဆိုတော့ ကြည်နူးသွားတာတော့အမှန်
"ဟုတ်လား ဘာမေးတာလဲ"
" မမကိုမတွေ့လို့တဲ့အလုပ်နားသွားတာလားလို့ မေးနေတာ"
"သူမမကို အလုပ်သမားလို့ ထင်နေပုံပဲ တစ်ချက်ပြုံးလိုက်ပြီး
တကယ်လို့ ထပ်မေးခဲ့ရင် မမက ဒီဆိုင် owner ဆိုတာ
မပြောနဲ့ သူဘယ်လိုထင်နေလဲ သိချင်တယ်"
"ဟုတ်ကဲ့ ဒီနေ့လည်း လာမလားမသိဘူး Sat & Sun ဆို
မမ ဆိုင်လာတတ်တယ်လို့ ကျနော် ပြောလိုက်တယ်"
"အော် ok "
စာရင်းတွေ တွက်ရင်း အိမ့်တစ်ယောက် တံခါးကိုပဲ
ခဏခဏ လှမ်းကြည့်နေနေမိတယ် ခပ်တင်းတင်း
ကျောင်းသူလေး ဝင်လာမလားလို့ မျှော်နေမိတယ်
ညနေစောင်းလို့ ဆိုင်ပိတ်ချိန် ရောက်လာပြီ ဝန်ထမ်းတွေ
အလျှိုလျှို ပြန်သွားကြပြီ အိမ့်ကတော့ ထိုင်နေတုန်း
ဆိုင်ပိတ်ချိန် ကျော်သွားပေမယ့် ခြူးရောက်လာမလားလို့
ထိုင်စောင့်နေမိတယ် ခဏအကြာမှ
" သူ ကျောင်းသွားရင်း လမ်းကြုံလို့ ဝင်စားတာနေမှာပါလေ
ငါ့အတွက်လာတာ မဟုတ်လောက်ပါဘူး ငါပဲအတွေးများ
သွားတယ် ထင်ပါတယ်လို့ တစ်ယောက်တည်း တွေးနေရင်း
ဆိုင်ပိတ်ပြီး ပြန်သွားလေသည်။..........💜
Part 5
Coming Soon
# Kira
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...