ဝတ်လစ်စလစ်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ခြူးကို
" ဟိတ် အိပ်ပုတ်လေး ထတော့ သင်တန်း လိုက်မယ်ဆို "
" ဟင်း ထရတော့မှာလား ညက အိပ်ရေးပျက်ထားတာ
အိပ်ရေးမဝသေးဘူး "" မ က ပိုပင်ပန်းတဲ့သူပါနော် ဟင်း မလိုက်ဘူးလား "
" မ ကလည်း လိုက်မှာ လိုက်မှာ "
" ကဲ ဒါဆို ရေချိုး အောက်မှာ breakfast ပြင်ထားမယ်
နော် "" ဟုတ် "
ပြီးတော့ နှုတ်ခမ်းလေးစူ ပေးနေတဲ့ ခြူးကို အိမ့်က
နမ်းလိုက်သည်။ရေချိုးပြီး ဆင်းလာတော့ အောက်ထပ်မှာ စောင့်နေတဲ့
အိမ့်ကိုမြင်တော့ ဒီမနက်ခင်းလေးဟာ အခြားနေ့တွေနဲ့ မတူ
ဘဲ သိပ်ကို ပြည့်စုံတဲ့ နေ့လေးလို့ ခြူး ခံစားမိတယ်။
" ခြူး ဆင်းလာပြီလား လာစားကြမယ်။ နေပါဦး
ဆံပင်တွေလည်း ပွ နေတာပဲ လာ မ လုပ်ပေးမယ် "
ခြူးရဲ့ ဆံနွယ်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြီးပေးနေ
ရင်း" ခြူး ဆံပင်တွေ တအား ကျွတ်တယ် ဒီမှာ ကြည့် "
" အင်း ခြူး ဖြီးလည်း အဲ့လိုပဲ "
" ခေါင်းလျှော်ရည် မတည့်လို့များလား "
" မဟုတ်ပါဘူး ပြောင်းသုံးကြည့်လည်း ကျွတ်တာပဲ "
" အော် "
" ဆံပင်ကိုလည်း ဂရုစိုက်ဦး ကလေးလေးရဲ့"
" မ ရှိ နေတာပဲ မ ဂရုစိုက်ပေး "
" ချွဲစိန်လေး လာ လာစား "
breakfast စားပြီး သင်တန်းသွားတဲ့ လမ်းမှာ ခြူးက
အိမ့်ရဲ့ မိသားစု အကြောင်းများကို မေးမြန်းနေသည်။
စတွေ့တည်းက အချစ်တစ်ခုတည်းနဲ့ ရှေ့ဆက်ခဲ့ပြီး
personal ကိစ္စကို ဝင်မစွက်ဖက်ခဲ့ပေမယ့် ခုတော့
မေးသင့်တဲ့အချိန်လည်း ရောက်နေပြီလေ။
" မ ရဲ့ မိသားစု ရော "
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...