ကျေးငှေးလေးတွေရဲ့ တွန်ကြူးသံနဲ့ အတူ ခြူး နိုးလာတော့
ဘေးက အိမ့်ကို မတွေ့တော့ပေ။ အောက်ထပ်ကို အပြေး
အလွှားဆင်းပြီး " ဦးမောင် မ ရော"
"မနက်စောစော ပြန်သွားတယ် သမီး"
ညက ပြုလိုက်မိတဲ့ မထင်မှတ်ထားတဲ့ အမှားလေး တစ်ခု
ကြောင့် အိမ့် တစ်ယောက် မလုံမလဲ ဖြစ်နေဟန်တူသည်။
ခြူး အတွက်ကတော့ အိမ့်နဲ့ တွေ့ပြီး နောက်ပိုင်း အရာရာ
ဟာ ပျော်ရွှင်ဖွယ် ကောင်းလာခဲ့တယ်။ သူနဲ့မ ကြားက
ဆက်ဆံရေးကိုခေါင်းစဉ်တပ်နေဖို့ မလိုပဲ သူပျော်နေခဲ့တယ်။
စာသင်နှစ် ပြီးသည်ထိ Guide ပြခဲ့ပေမယ့်လည် ပထမဆုံး
ညက အနမ်းတစ်ပွင့်သာ သူတို့ကြားထဲမှာ ရှိခဲ့တယ်။
ဒီနေ့ အောင်စာရင်း ထွက်မယ့်နေ့ပဲ စာတော်တဲ့ ခြူးလေး
ဂုဏ်ထူးတွေနဲ့ အောင်မှာကို အိမ့် ယုံကြည်နေတယ်။
ထင်တဲ့တိုင်းပေါ့ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တယ်။
" မ ခြူးကို ဘာဆုချမှာလဲ "
" ခြူး လိုချင်တာ အကုန်ပေးမှာပေါ့"
" ညတစ်ညရဲ့ အနမ်းမျိုးကို ထပ်လိုချင်တယ် ဆိုရင်ရော"
အိမ့် ထူပူ သွားသည် ။ ခြူး အိမ်ပျော်နေမယ် ထင်ခဲ့ပေမယ့်
ခြူးက သိနေတယ်လေ။ ဒါကို ဒီကြားထဲ သူဘယ်လိုများ
ပေါ့ပေါ့ပါးပါး နေနိုင်ပါ့လိမ့် အိမ့် တွေးမိသည်။
ခြူး ရဲ့ မေးခွန်းကို ဘာမှမပြောပဲ ရှောင်ထွက်သွားတယ်။
" ဒါဆို ကျောင်းတက်ဖို့ လုပ်ရတော့မှာပေါ့ "
" အင်း"
" ခြူး ဝါသနာ ပါတာကို သေချာရွေး ဒီကြားထဲတော့
မ ဆီမှာ စိတ်ဝင်စားတာ လာသင်ပေါ့"
" ခြူးလည်း မ တွက် ကိုယ်တိုင်ကိတ်မုန့် ဖုတ်ပေးချင်တယ်"
" ဒါဆို နောက်နေ့ မ သင်ပေးမယ်လေ "
နောက်နေ့ မ နဲ့ တူတူ အချိန်တွေ ကုန်ဆုံး ရမှာကို
တွေးပြီး ခြူး ပျော်နေသည်။
" ဒီလို ဝိုင်းဝိုင်းလေး လုပ်ရတယ် " မလိုအပ်ပေမယ့်
အိမ့်က ခြူးရဲ့ နောက်ကနေ သိုင်းဖက်ပြီး သေချာ
သင်ပေးနေသည်။ ခြူး ရဲ့ ပုခုံးလေးပေါ်ကို မေးစေ့လေး
တင်လျက် လက်နှစ်ဖက်က ကိတ်လုပ်တဲ့ဆီ မရှိပဲ ခြူးရဲ့
ခါးလေးပေါ် တင်းကျပ်စွာ ဖက်ထားသည်။
" နွံမှာ ကျွံမိတဲ့ အသည်း ပြန်ရုန်းဖို့ ခက်ပြီ "
ခြူးဆီမှ သင်းပျံ့နေတဲ့မွေးရနံ့နဲ့လည်တိုင်စိမ်းစိမ်း လေးကို
လွန်ဆန်နိုင်စွမ်း မရှိတဲ့နောက်ဆုံး နမ်းရှိုက်လိုက်မိသည်။
နွေးထွေးတဲ့နှုတ်ခမ်းသားလေးရဲ့ အထိအတွေ့ကို ခြူးလည်း
ရုန်းကန်ခြင်း မပြုခဲ့ချေ။ခါးနဲ့ ပုခုံးလေးကို ကိုင်ပြီး ခြူးရဲ့
ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ လည်တိုင်းစိမ်းလေးကို
နမ်းရှိုက်ပြီးနောက် နူးညံ့တဲ့ နှုတ်ခမ်းသားလေးတွေကို
ရှိုက်ကြီးတငင် ထပ်မံနမ်းရှိုက်နေပြန်တယ်။ တစ်စုံတစ်ရာ
ရုန်းကန်ခြင်းမရှိပဲ မ ရဲ့နောက်ကနေ အလိုက်သင့် နမ်းရှိုက်
နေတဲ့ ခြူး ကို အိမ့် အချစ်တွေ ပိုမိတယ်။
" ချွင် ချွင် " ဆိုင်အဝင်က ခေါင်းလောင်းသံကို ကြားတော့
နှစ်ယောက်လုံး ဇက်ခနဲ့ တစ်ယောက်ကို တစ်ယောက်
တွန်းထုတ်လိုက်တယ်။
"မမအိမ့် စောကြီးပါလား၊ ဟာ ခြူးလည်း ရှိနေတာပဲ"
"အင်း ခြူးကို ကိတ်မုန့် လုပ်နည်း သင်ပေးနေတာ"
ပြီးမှ နှစ်ယောက်လုံး မခို့တရို့ ပြုံးကြရင်း အလုပ်ဆက်
လုပ် ကြသည်။
အနေနီးလာနဲ့အမျှ ခြူးက အိမ့်ကို ချွဲသည်။ လူလစ်ရင်
လစ်သလို အိမ့်ရဲ့ ရင်ခွင်ထဲတိုးတိုးဝင်တတ်သည်။
တီတီတာတာစကားတွေနဲ့ အိမ့်ရဲ့ အချစ်တွေကို အပိုင်
သိမ်းတော့သည်။.......💜
Part 9
Coming Soon
#Kira
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...