"အဟွတ် အဟွတ် " အပေါ်ထပ်မှ ခြူး ရဲ့ချောင်းဆိုးသံပေါ့
တစ်ပတ်လုံး ကိတ်ဆိုင်ကို သွားခဲ့တော့ ချောင်းဆိုနေပြီ
ချောင်းဆိုးလွန်းလို့ လည်ချောင်းပါ နာနေပြီ
" ဦးမောင် သမီးလည်ပင်းတွေ နာနေပြီ ဆေးခန်းပြရမယ် "
" ဆရာဝန်ကို ဖုန်းဆက်ခေါ်လိုက်မယ် သမီး"
ခြူး အဖေရှိတည်းကပြနေကျ family doctor လို
ဖြစ်နေတဲ့ ဆရာဝန်ကိုပဲ ဖုန်းဆက်ခေါ်လိုက်တယ်။
"အချိုတွေ အရမ်းမစားနဲ့သမီး တော်သင့်ရုံပဲစား"
ဆရာဝန်မှ လိုအပ်တာမှာ ဆေးပေးပြီး ပြန်သွားသည်။
ချောင်းဆိုးနေလို့ အပြင်မသွားနိုင်ပေမယ့် ဒီနေ့ စနေဆိုတော့
ကိတ်ဆိုင်မှာ အိမ့် ရှိနေမှာပဲလို့ တွေးပြီး မသွားနိုင်တဲ့
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နေသည်။ သူမရဲ့
နာမည်နဲ့ လာတတ်တဲ့ ရက်ကို သိနေပြီဆိုတော့ မနက်ဖြန်
ရောက်အောင် သွားတွေ့မယ်ဆိုတဲ့ စိတ်နဲ့ တစ်ညတာကို
ဖြတ်သန်းခဲ့သည်။ ကျောင်းပိတ်ရက်ဆို မွန်းတည့်တဲ့ထိ
အိပ်တတ်တဲ့ ခြူး ဒီနေ့တော့ စောစောထ လှလှပပ
ဝတ်စားပြီး တက်ကြွစွာ အောက်ထပ်သို့ ဆင်းလာသည်။"သမီး သက်သာရဲ့လား"
"သက်သာတယ် ဦးမောင်"
"အိပ်ယာအစောကြီးထတော့ ဗိုက်ဆာ လို့လား"
"မဟုတ်ဘူး အန်တီခင် ခြူး ကိတ်ဆိုင်သွားမလို့"
"ဆရာဝန်က ဒီရက်ပိုင်း အချိုတွေ မစားဖို့မှာသွားတယ်လေသမီး"
" ခြူး ကိတ်တွေမစားပါဘူး ကော်ဖီ ခါးခါးပဲ သောက်မယ်"
ချုပ်ချယ်ခွင်မရှိတဲ့ ဦးမောင်နဲ့ ဒေါ်ခင်ကတော့ ဘာမှမပြော
တော့ပေ""ကိတ်ဆိုင်သွားတဲ့ တစ်လမ်းလုံး အိမ့် မျက်နှာကို ပုံဖော်
ကြည့်နေသည်။ တွေ့ရတော့မယ်ဆိုတဲ့ အသိကြောင့်
ခြေဖျား လက်ဖျားများ အေးစက်ပြီး ရင်တုန်နေသည်။
YOU ARE READING
My Love , Cake Shop Owner
Romance#ကိတ်ဆိုင်သွားရင်းလည်းအချစ်နဲ့တွေ့နိုင်ပါတယ် စိတ်ကူးမိတာလေးကိုရေးကြည့်ထားတာပါ အနုအရွလေးတွေနဲ့အချစ်ကို ပုံဖော်ထားပါတယ် ။ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့ပဲ ဖတ်ပေးကြပါ အဆုံးထိ ဖတ်ရင်တော့ အချစ်ဆိုတဲ့ အရာလေးနဲ့ ပတ်သတ်ပြီးတစ...