2. Damn it Xiao Zhan (Z)

275 12 0
                                    

ZAWGYI
=======================

Chapter_2 Damn it Xiao Zhan

No ones poV

ကားများရှုပ်ယှက်ခတ်နေသောပေကျင်းလမ်းတွင်

ကားတစ်စီးအတွင်း၌ ကောင်လေးတစ်ယောက်က လူငယ်တစ်ယောက်၏ပုခုံးပေါ်မှာ မှီတင်၍ သတိလစ်မေ့မြောနေလေသည်။

လူငယ်က သူ၏လက်တစ်ဖက်ဖြင့် မျက်လုံးမှိတ်နေတဲ့ ကောင်လေး၏သေးသွယ်သောခါးကို ပွေ့ပိုက်ထားခြင်းဖြင့် ကောင်လေးကို သူ့ပုခုံးပေါ်မှ ကျမသွားစေရန်ရည်ရွယ်ပါတယ်။

မှားယွင်းစွာဖြင့် ကားမောင်းသူဟာ မှန်မှတဆင့် ထိုမြင်ကွင်းကို မြင်သွားခဲ့တယ်။ဒရိုင်ဘာဟာ အံ့သြထိတ်လန့်မှုဖြင့် မျက်လုံးများပြူးကျယ်သွားသည်မှာ သရဲတစ္ဆေ ဒါမှမဟုတ် သရဲတစ္ဆေထက်ဆိုးဝါးသော ပုံမှန်မဟုတ်သည့်မြင်ကွင်းကို မြင်လိုက်ရသည့်အလားပင်။ဒါပေမယ့်မကြာခင်မှာပဲ ကားမောင်းသမားက သူ့အကြည့်ကို ရှောင်ဖယ်သွားရတယ်။ သူ ငေးကြည့်နေတာကို နတ်ဆိုးကြီး မိသွားမှာ ကြောက်နေသလိုပဲ။

ကားမောင်းသူ၏လက်ဖဝါးက အေးစက်လာပြီး ခေါင်းမှချွေးစေးများကျလာလေတယ်။ ဒါပေမယ့် သူက သူ့ကိုယ်သူထိန်းပြီး ကားကို အလွန်လှပထူးခြားကြီးမားသောစံအိမ်ကြီးဆီသို့မောင်းသွားခဲ့တယ်။

ကားသည် အိမ်ကြီးထဲသို့ ၀င်သောအခါကြီးမားသောဂိတ်ကိုဖြတ်သွားရသည်။

ကားမောင်းသူက ချက်ချင်းပင် ထိုင်ခုံမှခုန်ထွက်လာပြီးအပြင်သို့ထွက်လာခဲ့သည်။သူကချက်ချင်းပဲ သူဌေးအတွက် တံခါးကိုဖွင့်လိုက်ပေမယ့် သူ့မျက်လုံးတွေက ဒီညမှာတတိယအကြိမ်မြောက် ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခုထပ်တွေ့တဲ့အခါမှာ သူဟာ ထပ်ပြီးအကြမ်းဖက်တိုက်ခိုက်ခံရပြန်တယ်။ သူဟာ မကူနိုင်မကယ်နိုင် ပါးစပ်အဟောင်းသားဖြင့် မျက်လုံးအပြူးသားဖြစ်ရသည်။သို့သော် အေးစက်စက်ကြောက်စရာကောင်းသော bossရဲ့အကြည့်ကို တွေ့လိုက်သောအခါ သူ၏ပါးစပ်ကို ချက်ချင်းပိတ်လိုက်ရသည်။ကားမောင်းသမားဟာ ခေါင်းကိုအမြန်နှုန်းဖြင့်ညွှတ်ချပြီး ကားအနီးရပ်လိုက်တယ်။

MY  INNOCENT  SECRETARY  (ZSWW မြန်မာဘာသာပြန်  / မြန်မာဘာသာပြန်) (Ongoing)Where stories live. Discover now