5. ဝှိုင်း ဘေဘီ ဝှိုင်း (Why)

233 12 0
                                    

Chapter_5 အဘယ်ကြောင့်နည်း ?

Xiao ကော်ပိုရေးရှင်း၌

ကျန့် နှင့် ရိပေါ် နှစ်ဦးစလုံးသည် လက်ချင်းချိတ်ကာ လျှောက်လှမ်းနေကြသည်။ဝန်ထမ်းတွေအားလုံးဟာလည်း သရဲသဘက်မြင်နေရသည့်အလား သူတို့ကို ကြည့်နေကြတယ်။

မယုံနိုင်စရာ မြင်ကွင်းမှာ သူတို့ရဲ့ ပါးစပ်တွေ ဟောင်းလောင်းဖြစ်သွားကြတယ်။ဒါပေမယ့် ဘယ်သူမှ အသံမထွက်ရဲကြပါဘူး။

ကျန့်ရဲ့ မန်နေဂျာဟဲပန်သည် သူ့လက်ထဲတွင် ဖိုင်အချို့ကို သယ်ယူလာလေသည်။ အားလုံးက ဓာတ်လှေကားဆီသို့ လှမ်းကြည့်နေကြသည်ကို တွေ့ရတဲ့အခါ ဒေါသကြီးတဲ့ ဘော့စ်အား ထိတ်လန့်ဖွယ်မြင်ရမည်အထင်ဖြင့် သူလည်း လှမ်းကြည့်လိုက်တယ်။

အဲ့ဒီမှာ သူတို့ဘော့စ်ဟာ ချောမောလှပသော ကောင်လေးလက်ကို ကိုင်ကာ မည်သူမျှခြေမချဝံ့တဲ့ သူ့ကိုယ်ပိုင်ဓာတ်လှေကားဆီသို့ ဦးတည်နေလေသည်။

ရိပေါ် ခေါင်းကိုလှည့်ကာ လှည့်ပတ်ကြည့်လိုက်သည်။ဒါပေမယ့် လူတွေအားလုံးက သူ့ကို အထူးတဆန်း ကြည့်နေကြတာကို မြင်ရတော့ သူ အံ့သြမိသွားသည်။

ရိပေါ်က ကျန့်နားအနားကို တိုးတိုးလေးကပ်ပြောလိုက်သည်။
"Sirရေ၊ Sir သူတို့က ဘာလို့ ရိပေါ်တို့ကို သရဲသဘက်မြင်သလိုကြည့်နေကြတာလဲဟင် ?? "

ရိပေါ် ရဲ့ အသက် ရှူငွေ့ပူပူက သူ့အာရုံခံနေရာကို ရိုက်ခတ်လာလေရာ ကျန့်မှာ အသက်ရှူကြပ်တပ်တပ်ဖြစ်ရသည်။ ထို့ကြောင့် မျက်လုံးများကို ချက်ချင်းပိတ်၍ စိတ်ကိုစုစည်းရလေသည်။

ကျန့်က သူ့နှလုံးခုန်သံ ပုံမှန်ထက် ပိုမြန်လာတာကို ခံစားလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ်ပါလေ သူ့ရဲ့မူမမှန်ခံစားချက်တွေကို ပုခုံးတွန့်ပစ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်တယ်။

ကျန့်၏ ခေါင်း နောက်ပြန်လှည့်လာသည့်အခိုက်အတန့်တွင် ဝန်ထမ်းအားလုံးဟာ ခေါင်းငုံ့၍ ကြောက်ရွံ့မှုတို့ဖြင့် အလျင်အမြန် အလုပ်စလုပ်ကြလေတော့သည်။

ကျန့်က နူးနူးညံ့ညံ့နဲ့ တိုးတိုးလေးပြောလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး.. လာ ကိုယ့်နောက်လိုက်ခဲ့ "

MY  INNOCENT  SECRETARY  (ZSWW မြန်မာဘာသာပြန်  / မြန်မာဘာသာပြန်) (Ongoing)Where stories live. Discover now