အခန်း _၃ Be My Secretary (ငါ့အတွင်းရေးမှူးဖြစ်ပေးပါ)
Xiao အိမ်တော်၌။
Xiao zhan သည် သူ၏အတွေးများထဲတွင် နှစ်မြုပ်နေလေသည်။ Yibo ကိစ္စနှင့်ပတ်သတ်ပြီး သူ့စိတ်ထဲတွင် မှန်မှန်ကန်ကန်တွေးတောနိုင်ခြင်း မရှိရလောက်အောင် အူကြောင်ကြောင်ဖြစ််နေဆဲပါ။ သူက သူ့ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေလေသည်အထိဖြစ်ရသည်။
ရုတ်တရက် Yiboက သူ့ခါးသေးသေးလေးတွင် ပုဝါလေးတစ်ထည်သာ ပတ်ထားပြီး ရေချိုးခန်းထဲမှထွက်လာသည်။
နှင်းတမျှဖြူဖွေးနေသော သူ၏ခန္ဓာကိုယ်သည် ရေစက်များကြောင့် တောက်ပနေပြီး သူ၏နို့နှစ်ရောင်ခြေထောက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကို အတိအလင်း မြင်သာနိုင်သည်။
Yiboက Zhanရဲ့နောက်ကျောကို သူ့လက်ညှိုးလေးနဲ့ထိုးကာဖြင့် မေးသည်။
"ကိုကိုရေ ကိုကို၊ BoBo ရဲ့ကျောပိုးအိတ်ဘယ်မှာလဲဟင် ?"ကျန့်ကလည်း သူ့နောက်ကျောကို ရုတ်တရက်အပုတ်ခံရတာကြောင့် ဘယ်သူဖြစ်မလဲ လှည့်ကြည့်ရာ ထိတ်လန့်သွားသည်။
ဒုန်းးး....
ဒုန်းးး...
ခုန်ပေါက်နေသော နှလုံးခုန်သံနှင့်အတူ ပါးစပ်အဟောင်းသားဖြင့် ရှော့ရသွားသည့် Zhanမျက်နှာကို ခရစ္စတယ်လို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါသည်။
အသက်ကြီးရင့်သူက ကောင်ငယ်လေးကို အခြားကမ်ဘာကလာသလို ကြည့်နေတယ်။ပန်းရဲရောင်လေးက zhan မျက်နှာပေါ်တွင် အလိုလိုပေါ်လာသည်။ သူ့မျက်နှာကနီရဲနေပေမယ့် သူက ဘုရားသခင်ကို တိတ်တခိုးကျေးဇူးတင်မိတယ်။ ဘာလို့လဲဆိုတော့ ကောင်ငယ်လေးက အလွန်ဖြူစင်အပြစ်ကင်းတာကြောင့်မို့ ဒါတွေအားလုံးကို သတိပြုမိနိုင်မှာမဟုတ်ဘူးလေ။
Yiboက ကိုကို့ကို နှုတ်ခမ်းစူပြလိုက်တယ်။ အထူးသဖြင့် ကောင်လေးက သူ့ကိုကိုဆီမှ အဖြေစကားမကြားရသေးတဲ့အခါမှာပေါ့။
သူ့လက်ညိုးကို ကိုကို့ရင်ဘတ်သို့ ထိုးလိုက်ပြန်၍ Boကထပ်မေးပြန်တယ်။
"BoBo ကျောပိုးအိတ်ဘယ်မှာလဲ ကိုကိုရဲ့ ပြောပါဦး၊ ဒီမှာ Bobo အေးနေပြီ၊ Bobo အကျႌဝတ်ချင်ပါတယ်ဆို.."
ESTÁS LEYENDO
MY INNOCENT SECRETARY (ZSWW မြန်မာဘာသာပြန် / မွနျမာဘာသာပွနျ) (Ongoing)
Misterio / SuspensoFULLY CREDIT TO ORIGINAL AUTHOR - " ZHANYI305-ANSHIKA " အပြစ်ကင်းစင်ပြီး စိတ်နှလုံးဖြူစင်သော ကောင်လေးဟာ သူ၏ဘ၀ တစ်လျှောက်လုံးတွင် အဆိုးရွားဆုံးအချိန်၌ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရပြီး၊ ကံကောင်းတယ်ပဲဆိုဆို၊ က...