Chapter_4 သူတို့ကိုသတ်လိုက်ပါ
{ရှောင်း စံအိမ်၌။}
<3rd person pov>
အနှီအကြောင်းအရာကို ဆွေးနွေးပြီးတဲ့နောက် ညစာသုံးဆောင်ခြင်းအမှုပြီးစီးကြလေသတည်း။
ကျန့်က ရိပေါ်ကို သတိပေးရသည်။
"ရိပေါ် မအိပ်ခင် ဆရာဝန်ညွှန်ကြားသွားတဲ့ဆေးကို အရင်သောက်ပြီးမှ အိပ်ရမယ် ကြားတယ်နော် ရိပေါ်"ရိပေါ်က နှုတ်ခမ်းလေးဆူပြီး ငြင်းရှာပါသည်။
"ဆေးသောက်ရတာ ရိပေါ် မကြိုက်ပါဘူး။အရသာကလည်း ထူးထူးဆန်းဆန်းနဲ့"ကျန့်ဟာ နှုတ်ခမ်းဆူနေတဲ့ ရိပေါ်ကို မျက်မှောင်ကြုတ်ကြည့်မိသည်။ ဘာကြောင့်မှန်းမသိဘဲ သူ့နှလုံသားက ရိပေါ် မျက်နှာငယ်လေးလုပ်တိုင်း ခုန်ပေါက်နေလေတယ်။ သူ့အကြည့်တွေကို လွှဲလိုက်ပြီး ထူးဆန်းတဲ့ခံစားချက်တွေကို ဖယ်ရှားရန်အလို့ငှါ ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
ရန်းလီ နဲ့ ရိပေါ် ဟာလည်း ကျန့်ရဲ့ ထူးထူးခြားခြား တုံ့ပြန်မှုကို မြင်တော့ စိတ်ပူသွားကြတယ်။
နှစ်ယောက်စလုံးဟာ တစ်ခဲနက်မေးလိုက်ကြသည်။
"အားကျန့် အဆင်ပြေရဲ့လား ?"
"ကိုကို အဆင်ပြေရဲ့လား ?"ကျန့်က သူတို့ကို ကြည့်ပြီးမှ စိတ်ပူအောင်လုပ်မိသွားမှန်း သိလိုက်ရသည်။ ဒါနဲ့ သူ့လည်ချောင်းကိုရှင်းပြီး ကျန့်ဟာ စိတ်ပါလက်ပါ ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး မမနဲ့ ပေါ်လေး... စိတ်မပူပါနဲ့"
စိတ်ချစေဖို့ နှုတ်ခမ်းလေးတွန့်ကာ ပြုံးပြလိုက်တယ်။ရန်းလီလည်း ခေါင်းညိတ်ပြကာ လက်ခံသည်။
ကျန့်ရဲ့ လှပတဲ့ အပြုံးကို သဘောကျသွားတဲ့ ရိပေါ်က ကျန့်၏ပေါင်ပေါ် ချက်ချင်း ခုန်တက်သွားလေသည်။
ကျန့် ပေါင်ပေါ်မှာ ထိုင်နေပြီး ရိပေါ်က ကျန့်ရဲ့ ပါးနှစ်ဖက်ကို ဖဲ့ကာ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ကြည့်ပြီး သုံးသပ်တယ်။
"ဟီးဟီး ကိုကိုက ပြုံးလိုက်ရင် သိပ်ချောတာပဲနော် ကိုကို"သို့ပေသိ ရန်းလီ နှင့် ကျန့် နှစ်ဦးစလုံးဟာ ကောင်ငယ်လေး၏လျှပ်တပြက်အပြုအမူကြောင့် အံ့အားသင့်သွားကြသည်။
YOU ARE READING
MY INNOCENT SECRETARY (ZSWW မြန်မာဘာသာပြန် / မွနျမာဘာသာပွနျ) (Ongoing)
Mystery / ThrillerFULLY CREDIT TO ORIGINAL AUTHOR - " ZHANYI305-ANSHIKA " အပြစ်ကင်းစင်ပြီး စိတ်နှလုံးဖြူစင်သော ကောင်လေးဟာ သူ၏ဘ၀ တစ်လျှောက်လုံးတွင် အဆိုးရွားဆုံးအချိန်၌ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရပြီး၊ ကံကောင်းတယ်ပဲဆိုဆို၊ က...