Chapter_6
Suck lips to take pain away
နာကျင်မှုများ ပျောက်ကွယ်ဖို့ အနမ်းချင်းဖလှယ်ကြစို့ရှောင်း ကော်ပိုရေးရှင်း၌။
ရှောင်းကျန့်သည် သွေးထွက်နေသောလက်ဖြင့် သူ့နားထင်ကို နှိပ်နယ်ရင်း အတွေးထဲတွင် နစ်မျောနေခဲ့သည်။ သူ့ရဲ့အာရုံတွေဟာ တစ်စုံတစ်ယောက်ဆီသာ ရောက်ရှိနေတာမို့ သွေးထွက်နေသောလက်ကိုပင် အာရုံမစိုက်နိုင်ခဲ့ပေ။
ထိုအချိန်တွင် တံခါးဖွင့်သံကို ကြားလိုက်ရသည်။
တံခါးလည်းမခေါက်၊ ခွင့်ပြုချက်လည်းမတောင်းဘဲ သူ့အခန်းထဲကို ဝင်လာရဲသောသူကို ကိုကြီးကျန့်တို့ ကြည့်စမ်းချင်ပါဘိ။သို့သော် ရောက်လာသူ၏မျက်နှာကို မြင်သောအခါ ကျန့်မျက်လုံးများ နူးညံ့ပျော့ပြောင်းသွားလေ၏။
လက်ထဲတွင် ကော်ဖီ ၂ခွက်ကိုင်ဆောင်လျက် ကျန့်ရုံးခန်းထဲသို့ဝင်လာသူမှာ ရိပေါ်လေးပင်ဖြစ်ပါသတဲ့။ ကျန့်မျက်လုံးတွေက သူ့ကို ကြည့်နေတာမှန်း ရိပေါ်လေး သိသွားသောအခါတွင် အားပါးတရပြုံးပြလိုက်တယ်။
ရိပေါ်လေးရဲ့ ချစ်စဖွယ်မျက်နှာလေးပေါ်မှာ တောက်ပလွန်းတဲ့ အပြုံးကို တွေ့လိုက်ပြန်တဲ့အခါ ကျန့်နှလုံးသားက ခုန်ပေါက်သွားပါတယ်။ဒါပေမယ့် သူ့ခံစားချက်ကို ပစ်ပယ်ကာ ရိပေါ်လေးရဲ့မျက်နှာကို မြတ်နိုးစွာ စိုက်ကြည့်လိုက်တယ်။
အပြုံးချိုချိုနဲ့ ရိပေါ်လေးက ကော်ဖီတစ်ခွက်ကို ကျန့်ဆီ ကမ်းပေးလိုက်တယ်။
ရိပေါ်လေး၏ လှပသော မြင်ကွင်းတွင် ကျန့်ဟာ အေးတိအေးစက်မျက်နှာနှင့် ဆက်မနေနိုင်တော့ဘဲ သူ့မျက်နှာပေါ်တွင် အပြုံးလေးများ ပေါ်လာသည်။
ကျန့်မျက်နှာပေါ်ရှိအပြုံးကို မြင်ရသောအခါ ရိပေါ်လေးက ပို၍အားတက်သရောပြုံးမိပါတယ်။ ဒါနဲ့ ကျန့် အနီးမှာ ရှိတဲ့ ခုံပေါ်တွင် ထိုင်မည်ဟန်ပြင်ရင်း ချစ်စဖွယ်မျက်လုံးလေးတွေဟာ ထင်မထားသည့် မြင်ကွင်းကြောင့် ပြူးကျယ်လျက်ညှိုးငယ်သွားပါတယ်။
ရိပေါ်ဟာ ချက်ချင်းပင် မျက်တောင်မခတ်ဘဲ ကျန့်အား စိတ်မချမ်းမြေ့စွာနဲ့ စိုက်ကြည့်လိုက်တယ်။
ESTÁS LEYENDO
MY INNOCENT SECRETARY (ZSWW မြန်မာဘာသာပြန် / မွနျမာဘာသာပွနျ) (Ongoing)
Misterio / SuspensoFULLY CREDIT TO ORIGINAL AUTHOR - " ZHANYI305-ANSHIKA " အပြစ်ကင်းစင်ပြီး စိတ်နှလုံးဖြူစင်သော ကောင်လေးဟာ သူ၏ဘ၀ တစ်လျှောက်လုံးတွင် အဆိုးရွားဆုံးအချိန်၌ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရပြီး၊ ကံကောင်းတယ်ပဲဆိုဆို၊ က...