Zawgyicode
ဆူညံနေတဲ့ လူအုပ်ကြီးထဲမှာ ယောင်လည်လည် ဖြစ်နေရသည့် ကောင်လေးတယောက်...အပြင်လောကကို Uniတခုကလွဲ၍ မထိတွေ့ဖူးသူမို့ ယခုလို နေရာမျိုးက သူ့အတွက် အထူးအဆန်း ဖြစ်နေသည်...
''Arrrrrrr!!....Jungkookie!!!...''
ရုတ်ချည်းပိုလို့ ဆူညံသွားတာမို့ Yoongi Stateပေါ်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်....
''မင်္ဂလာပါ ယောရောဘွန်းတို့...''
''အားးးးး''
လက်လေးပြပြီး အပြုံးချိုချိုလေးနဲ့ မိတ်ဆက်လေသော ထိုအဆိုတော် ကောင်လေးအား သူမမှိန်မသုန် ငေးကြည့်နေမိသည်...
''နောက်တကြိမ် တွေ့ကြပြန်ပြီနော်...Euphoriaလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်...''
''Nae!!!...''
ပြုံးရွှင်တက်ကြွစွာ ပရိသတ်တွေနှင့် စကားပြောနေသော ထိုလူသားက တခါတရံ ဟာသလေးတွေပါ ဝင်ပြောတတ်သေးတာမို့ သူ့မှာအရယ်မရပ်နိုင်အောင်ထိ ဖြစ်နေရသည်...
အချိန်အတော်ကြာတော့ တယောက်ချင်းစီနဲ့ Fan Meetingတွေ့ဖို့ အချိန်က ရောက်လာလေပြီ...သူရင်ဘတ်ကို လက်နဲ့ဖိလိုက်မိ၏...
အမှန်ဆို သူဒီပွဲကို တက်ဖြစ်ဖို့အတွက် အချိန်အများကြီးယူပြီး စဉ်းစားခဲ့ရသည်...လူတွေအားလုံး ပစ်ပယ်ထားတဲ့ သူ့ကို ထိုလူသားကရော လက်ခံပါ့မလား...
ဆန့်ကျင်ဘက် အတွေးများစွာက ယောင့်ယပ်ခတ်နေပေမဲ့ နောက်ဆုံးတော့ သူဒီကို ရောက်အောင်လာခဲ့သည်ပေါ့...
သီချင်းနားထောင်ရတာ နှစ်သက်သူမို့ အဆိုတော်များစွာရဲ့ သီချင်းတွေကို နားထောင်ဖူးပါရဲ့...
သို့သော် Jungkookဆိုသည့် ဤလူသားလေး၏ သီချင်းတွေကို နားထောင်အပြီးမှာတော့ တခါမှ မဖြစ်တည်ဖူးတဲ့ စွဲလန်းစိတ်တို့ဟာ စိတ်မှာကပ်ငြိလာသည်...
ထို့ကြောင့် သူယခု Fan-Signအား မဖြစ်ဖြစ်အောင် လာခဲ့ခြင်း...
''မင်္ဂလာပါဗျ...ဒီနားကို တိုးလာခဲ့လေ...''
အတွေးတွေ လည်ပတ်နေရင်းက သူ့အလှည့်ကို ရောက်လာသည့်အခါ ထိုလူသားဟာ အပြုံးနုနုတို့နဲ့အတူ လက်နှစ်ဖက် ကမ်းပေးလို့ အနားသို့ တိုးကပ်ခိုင်းသည်...
CZYTASZ
ကမ်းမဲ့လက်//ကမျးမဲ့လကျ(Completed)
Fanfictionမင်းအတွက် လက်တစ်စုံကို ကမ်းလင့်ကြိုမယ်~ မြဲမြံအောင် ဆုပ်ကိုင်ထားပေးဖို့တော့ မမေ့ပါနဲ့~ OTP-YOONKOOK TOP-JEON JUNGKOOK BOTTOM-MIN YOONGI AUTHOR-TRIPLE-D93 မင်းအတွက် လက်တစ်စုံက ကမ်းလင့်ကြိုမယ်~ မြဲမြံအောင် ဆုပ်ကိုင်ထားပေးဖို့တော့ မမေ့ပါနဲ့~ OTP-YOONKO...