II

767 116 26
                                    

Zawgyicode

မှန်ရှေ့မှာ ရပ်နေရင်းက Yoongi မိမိခေါင်းထက်က ဆံနွယ်တို့အား ဘီးနဲ့ထပ်ပြီး ဖီးသပ်လိုက်သည်...

ဒီနေ့အကိုက အိမ်လည်ဖို့ လာခေါ်မှာဖြစ်သည်...ထို့ကြောင့် သူပြင်ဆင်နေခြင်း...

''ဟူးးးကြည့်လို့ကောင်းပါ့မလား...''

Knock Knock

''သခင်လေး...အပြင်မှာ သခင်လေး သူငယ်ချင်း ရောက်နေပါပြီ...''

အပြင်က ခေါ်သံကို ကြားလိုက်ရပြီမို့ သူရင်ဘတ်ကို လက်နဲ့ဖိပြီး အောက်သို့ဆင်းခဲ့လိုက်သည်...ဧည့်ခန်းကိုရောက်တော့ ထိုင်နေတဲ့ အကို့ကို တွေ့လိုက်ရသည်...

အယ်~အကိုက အိပ်မှုန်စုတ်ဖွားလေးနဲ့ရယ်...

''အကို...''

''အွန်း...လာ Yoon...ကိုယ့်အိမ်သွားမယ်...''

အိပ်ချင်မူးတူး ထလာပြီး သူ့လက်ကို ဆွဲလာတာကြောင့် သူ့မျက်လုံးတွေ ပြူးပြာသွားရသည်...

ကိုယ့်Idolတယောက်နဲ့ ခုလိုရင်းရင်းနှီးနှီး နေရတာက သိပ်ရင်ခုန်စရာ ကောင်းလွန်းပါရဲ့လေ...

''Wow...အကို့အိမ်က တထပ်တည်းဆိုပေမဲ့ အရမ်းလှတယ်...''

အိမ်ပတ်ပတ်လည် ပန်းပင်လေးတွေနဲ့ အရမ်းကို လှပလွန်းတာကြောင့် မနေနိုင်စွာ ချီးမွမ်းလိုက်တော့ အကိုက လှည့်ကြည့်၍ ပြုံးပြသည်...

''Yoon...ထိုင်ဦး...ကိုယ်မနက်စာ ပြင်ပေးမယ်...''

အကို့စကားကြောင့် သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်...တစုံတယောက်က သူ့အတွက် ရည်ရွယ်ပြီး မနက်စာပြင်ပေးမည်ဆိုတာ ဒါပထမဆုံး ကြုံဖူးတာပင်...

''Yoon...ပေါင်မုန့်ကြက်ဥကြော် ကြိုက်ရဲ့လား...''

''ဗျာ...ဟို...ကျွန်တော်က ဆီကြော်မုန့်တွေ စားလို့မရဘူး...ခေါင်းနောက်တတ်လို့...''

''ဟုတ်လား..ဒါဆို ကိုယ်ပေါင်မုန့်နို့စမ်းပဲ လုပ်ပေးမယ်နော်...''

သွားပေါ်အောင် ပြုံးပြပြီး ပြောသည့် အကိုကြောင့် သူလဲပြန်ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်...

''လာလေ Yoon...ဧည့်ခန်းထဲမှာ မထိုင်နဲ့...ဒီကိုဝင်ခဲ့...''

ခနအကြာမှာ အကိုက မီးဖိုချောင်ထဲက ခေါင်းပြူထွက်လာပြီး ခေါ်လာတာမို့ သူလဲ အပြေးသွားလိုက်မိ၏...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Tempat cerita menjadi hidup. Temukan sekarang