VIII

702 101 51
                                    

Zawgyicode

အေးစက်စက် လက်ချောင်းတွေကို ကော်ဖီခွက်ရဲ့ အနွေးဓာတ်နဲ့ အငွေ့လှုံရသည်...​ရှေ့က ခပ်စူးစူးကြည့်နေတဲ့ လူသားကြောင့် Yoongiမှာ အသက်ပင် မျှင်းမျှင်းမရှူရဲ...လူစိမ်းတစ်ယောက်က ဖုန်းဆက်ချိန်းတာကို ငြင်းသင့်ပေမဲ့ ချစ်ရသူရဲ့ သွေးသားရင်းချာ အစ်ကိုတစ်​ယောက် ဖြစ်နေတဲ့အခါ သူ့မှာ မငြင်းသာ...

"Min Yoongi...JeongGukက မင်းဆိုသိပ်သည်းတာပဲ...ကိုယ့်ကိုတောင် တသက်နဲ့တကိုယ် ပထမဆုံး ပြန်ခနဲ့ဖူးတာ...''

ထိုလူ့စကားကြောင့် သူဘာပြန်ပြောရမှန်းမသိ...ထို့ကြောင့် ဒီတိုင်းသာ ဆိတ်၍နေလိုက်သည်...ရောက်သာရောက်လာခဲ့တာ...ဘာပြောရမယ်မှန်းလဲ သူသေချာမသိပါ...

"ဟေး...ကိုယ့်ကိုကြည့်စမ်း...''

တဖက်က အမိန့်တစ်ခုလို ပေးလာတော့ ဆက်ခနဲ တုန်သွားတဲ့ ခန္ဓာကိုယ်ကို လျစ်လျူရှုပြီး သူမော့ကြည့်လိုက်ရသည်...ထိုသူက တချက်ပြုံး၏...ကော်ဖီခွက်ကို ဇွန်းနဲ့တဒေါက်ဒေါက်ခေါက်ရင်းက စကားကို ဆက်ပြောလာသည်...

"ကိုယ့်​နာမည် Jeon Jiminပါ...ကိုယ့်ကို မင်းအဲ့လောက်ကြောက်နေဖို့ မလိုပါဘူး...''

သူခေါင်းသာငြိမ့်ပြလိုက်သည်...ဘာမှမပြောပြန်ဘဲ ခေါင်းကိုထပ်မံငုံ့ချဖို့လုပ်ပေမဲ့ သူ့မေးဖျားကို ဆွဲမလာတဲ့ လက်ချောင်းတွေကြောင့် လူက တွန့်ခနဲ...

"မင်းကချစ်စရာလေးပဲ...''

"ဒါဘာလုပ်တာလဲ!!! "

ရုတ်တရက်...သူ့မေးဖျားကို ဆွဲမထားတဲ့ ထိုသူ့လက်တွေက အားပြင်းပြင်း ပုတ်ထုတ်မှုကြောင့် ခုံနဲ့ရိုက်မိသွားသည်...အလန့်တကြား မော့ကြည့်မိတော့ ရောက်လာသူက အကိုဖြစ်နေခဲ့တာ...

"ငယ့်ကိုမနှောင့်ယှက်နဲ့ Hyung...ကျွန်တော်သည်းခံမှာ မဟုတ်ဘူး...ပြန်မယ် ငယ်....''

အကိုက လက်ကိုဆွဲခေါ်တော့ သူကလည်း ကောက်ကာငင်ကာ အကို့နောက်ကို ထလိုက်ရသည်...အကို့ဆီက အသက်ရှူသံပြင်းပြင်းကြောင့် ဒေါသထွက်နေတာက ပြောစရာမလိုအောင် သိပြီးသား...ဒုက္ခပါပဲ...အကို့ရဲ့ အစ်ကိုဆိုတဲ့သူကို ကြောက်နေတာပင် မပျောက်သေး...အကိုကပါ ကြောက်အောင်လာခြောက်နေပြန်သည်...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Hikayelerin yaşadığı yer. Şimdi keşfedin