VI

708 100 36
                                    

Zawgyicode

တသည်းသည်း ရွာနေတဲ့ မိုးစက်တွေကြား ပြေးလွှားရတာက သိပ်ကဗျာဆန်လို့ နေပါရဲ့...နာကျင်မှုတွေ ဝမ်းနည်းမှုတွေ ပူလောင်မှုတွေကို ဒီမိုးစက်တွေနဲ့ ပြေလျော့စေလိုပါသည်လေ...

''အကို!...ခစ်..ခစ်...''

တအုန်းအုန်း ပြိုကျနေတဲ့ မိုးရေစက်တွေကို လက်နဲ့ခံပြီး သူ့မျက်နှာသို့ လှမ်းလှမ်းပက်ကာ ကောင်ငယ်လေးဟာ ရယ်သည်...

မြူးထူးစွာ...ပေါ့ပါးစွာ...လွတ်လပ်စွာ ပြုံးနေတဲ့ ထိုအပြုံးတွေက ဘယ်လောက်အေးချမ်းလိုက်လဲ...

''Yoon...အအေးပတ်မယ်...ပြန်ကြရအောင်...''

သူခေါ်သော်လည်း လျှာထုတ်ပြောင်ပြီး ရှေ့ကိုပြေးထွက်သွားသူကြောင့် သက်ပြင်းချရင်းသာ လိုက်ရပြန်ပါသည်...မိုးရေထဲဆော့ချင်လို့ပါဆိုသည့် တောင်းဆိုချက်ကို လိုက်လျောမိတာ မှားပြီထင်ပါ၏...

''Yoon...များနေပြီနော်...ပြောတော့ ငါးမိနစ်ဆို...အခု မိနစ်နှစ်ဆယ်ရှိနေပြီ...ကြာရင်ဖျားမယ်...''

''ဘာရယ်...မကြားရဘူး...''

မိုးကောင်းနေတာမို့ သေချာ​အော်ပြောပေးသည်အား မကြားချင်ယောင်ဆောင်လို့ နားကိုလက်နဲ့ ကာမေးသူလေးက အသည်းယားဖို့ ကောင်းမနေပေဘူးလား...

ဒီကောင်လေးနဲ့မှ မိမိအိုင်ဒေါ Imageပျောက်ပြီး မိုးရေထဲ ကြွက်စုတ်လေးလို လျှောက်ပြေးနေရသည်လေ...          

''အအေးပတ်မယ်လို့ ပြောနေတယ်လေ...!!!"

''ဘာကြီး...မကြာဘူး အကိုရ!..."

''ဒီကောင်လေး....''

''အားးး ကြောက်တယ်!..."

အစောကထက် အရှိန်တင်ပြီး အနောက်က ပြေးလိုက်တော့ အော်ကြီးဟစ်ကျယ်နဲ့ ပြေးပြန်လေသော ကောင်ငယ်လေး...

လမ်းမကြီးအတိုင်း ပြေးနေရာက အနီးနား လမ်းထောင့်ကျဉ်းလေးထဲ ပြေးဝင်သွားတာမို့ သူလဲအမှီလိုက်ပြီး အနောက်က လှမ်းဆွဲကာ ချုပ်ပစ်လိုက်သည်...သိသိသာသာပါပဲ...မိုးလည်းအနည်းငယ် ကျဲသွားလေရဲ့...

''လျှောက်ပြေးနေတယ်...ဟုတ်လား...''

''ဟီးဟီး...ပျော်စရာကြီးကို အကိုကလဲ...ဟားဟား...Maskကြီးက မျက်နှာမှာ အရမ်းကပ်နေပြီ...''

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Donde viven las historias. Descúbrelo ahora