XIV

593 83 22
                                    

ZAWGYI

အရှင်က သိပ်ချစ်ပြခဲ့သည်ဆို ကိုယ်ရံတော်လေးကရော...အသက်ပေးခဲ့တဲ့အထိပါပဲ...အသက်ချင်းလဲပစ်တဲ့အထိ အရှင့်ကို ကာကွယ်ခဲ့တာပါ...

အရှင်ဘာလုပ်လုပ် ပြုံးပြုံးလေး ကြည့်နေပေးတတ်တဲ့ ကိုယ်ရံတော်လေး...အရှင်က မင်းကိုသတ်မယ်လို့ ဆိုတာတောင် မငြင်းဆန်ပဲ ခေါင်းငုံ့ပေးခဲ့တဲ့ ကိုယ်ရံတော်လေး...

အရှင်ဒါဆိုဒါ...တစ်ခုလေးမှ အထွန့်မတက်ပဲ အရှင်သွင်းတဲ့ ပုံစံခွက်ထဲမှာပဲ ကျင်လည်ပေးခဲ့တာ...အမျက်ကြီးတဲ့ အရှင်က ချစ်စရာအပြုံးလေးတွေနဲ့ ရင်ခွင်ထဲ တိုးလာတဲ့အခါ မကြောက်မရွံ့ မထိတ်မလန့် ပိုတင်းအောင်ထိ ပွေ့ပိုက်ပစ်လိုက်တာ...

ရာဇသံကြောင့် ချစ်ချင်ယောင်ဆောင်ပေးခဲ့တာမဟုတ်...မြတ်မြတ်နိုးနိုးနဲ့ အတည်တကျ ချစ်ခြင်းတွေမို့ အကိုအရင်းနဲ့ အရှင်ကိုယ်တိုင်က ကိုယ်လွတ်ရုန်းခိုင်းတာတောင် ပေကပ်နေခဲ့တဲ့ ကိုယ်ရံတော်လေးပါ...

အသက်အန္တာရယ်တောကြီးထဲ တိုးဝင်ရချိန်မှာလည်း ကိုယ်တစ်ယောက်ပဲ အနာခံပြီး အရှင့်ကို မော်ကြွားမြဲ မော်ကြွားစေခဲ့တဲ့ ကိုယ်ရံတော်လေးဟာ အချစ်ကြီးလွန်းခဲ့တာ အမှန်ပဲ မဟုတ်ပါလား...ကံမကုန်တဲ့ဘဝမှာ ပြန်ဆုံခဲ့ကြတော့ပင် ဝါသနာ ပရိသတ်နဲ့ အကိုအရင်းကို စွန့်လွှတ်ပစ်ခဲ့တဲ့အထိ ချစ်ပြသေးခဲ့သည်လေ...

တကယ်ပါ...အရှင့်အတွက် ဘာမဆို ပေးဆပ်ရဲတဲ့ ဒီကိုယ်ရံတော်လေးကမှ အရှင့်ထက်ကို ပိုသနားဖို့ ​ကောင်းနေခဲ့ရှာတာ...

ကျယ်လောင်လွန်းတဲ့ ဓားချင်းယှက်သံတွေက နန်းရင်ပြင်မှာ မြည်ထွက်နေခဲ့သည်...ကိုယ်ရံတော်လေး ပခုံးနဲ့လက်မောင်းတွေမှာ သွေးအရွှဲရွှဲ...တစ်ချက်ထိသွားလေတိုင်း ပလ္လင်ပေါ်က ပြေးဆင်းမတတ် တကြွကြွ ဖြစ်ရသော အရှင့်မှာ ကိုယ်ရံတော်လေးရဲ့ ခေါင်းခါပြမှုကြောင့် အံကိုကြိတ်ကာ ပြန်ထိုင်ရလေသည်...

တော်တော်ကြာကြာ တိုက်ခိုက်ပြီးမှာ Jeonဟာ ခြေထောက်တွေပင် မခိုင်ချင်...ဝမ်းဗိုက်ဘေးဘက်ထဲ ဓားရှည်တဆုံးဝင်သွားချိန်တွင်​တော့ ဒူးထောက်လျက်သားပင် ကျသွားတော့တာမို့ ပလ္လင်ထက်က အရှင်ဟာ ဝုန်းခနဲ ထရပ်သော်လည်း Jeonက ထပ်ခေါင်းမာပြန်ပါလေရဲ့...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now