X

605 92 22
                                    

Zawgyicode

ဆရာမဟာရီနာဆီက ပြန်လာပြီးသည့်နောက်ပိုင်း Yoongiဘာလုပ်လုပ် စိတ်မပါနိုင်...စားလည်းဒီစိတ် သွားလည်းဒီစိတ်မို့ တမှိုင်မှိုင်တထွေထွေနဲ့ Yoongiခမျာ ပါးဖောင်းဖောင်းလေးပင် ပိန်ချင်လာရလေရဲ့...

ဒီကြားထဲ သူ၏အကိုသိပြန်လျှင် စိတ်ဆိုးနေမည်ဆိုး၍ အကိုနဲ့တွေ့ချိန်တိုင်း ဟန်ဆောင်ရယ်ပြ ပြုံးပြနေရတာက မလွယ်လှ...သိပ်ကိုဖိအားတွေ များနေတဲ့အချိန်ပါပဲ...

''ငယ်...ဘာဖြစ်နေတာလဲ...''

ငိုင်ကျစွာ ထိုင်နေမိသည်မှာ ဘေးကို အကိုရောက်လာတာပင် မသိခဲ့...တုန်ခနဲ ဖြစ်သွားရသည်အား အကိုသတိမထားမိစေရန်အတွက် သူအကို့ကို အသာပြုံးပြရင်းသာ ခေါင်းခါပြလိုက်သည်...သို့သော် အကိုက မျက်မှောင်ကြုတ်ပြီး သူ့ပခုံးကို ဆုပ်ကိုင်လာ၏...

''ဘာဖြစ်နေတာလဲ အမှန်အတိုင်း ဖြေပေး ငယ်...ကိုယ်ကြည့်နေတာ...ငယ်အခုတလော အမြဲတမှိုင်မှိုင်နဲ့...''

အကို့ရဲ့ မသင်္ကာသလို အကြည့်တွေကို လျစ်လျူရှုပြီး သူအကြည့်လွှဲလိုက်သည်...အကို့စုတ်သပ်သံက သူ့အနီးနားမှာ ကျယ်ကျယ်လောင်လောင်ပဲ ထွက်လာလေသည်....

''ဟိုအရူးစကားတွေကြောင့်မလား...အဲ့ဘွားတော်က သက်သက်လုပ်စားနေတာပါ ငယ်ရ...အဲ့ဒါတွေ လိုက်နားယောင်မနေနဲ့...''

အကို့စကားသံက အတန်ငယ် မာကြောနေသည်...အကိုနဲ့ အကြည့်ချင်း မဆုံရဲတာမို့ သူခေါင်းသာငုံ့ထားမိသည်...တိတ်ဆိတ်သွားသည်...ပတ်ဝန်းကျင်က လုံးဝကို တိတ်ဆိတ်သွား၏...ခနအကြာမှ ထွက်လာတဲ့ သက်ပြင်းချသံရှည်ရှည်ကတော့ အကို့ဆီကဖြစ်ပြီး အကိုက လေသံဖျော့လို့ ပြန်ပြောလာသည်...

''ဟင်းးးးး ကျေးဇူးပြုပြီး မဟုတ်တာတွေကို ဟုတ်တယ်ထင်မနေစမ်းပါနဲ့...ငယ့်ကို ဘယ်သူလာထိမှာလဲ...ကိုယ်ရှေ့ကနေ ကာကွယ်ပေးမယ်...အဲ့ဒါကြောင့် လျှောက်တွေးပူမနေနဲ့...''

အကိုက သူ့အား ရင်ခွင်ထဲဆွဲသွင်းသည်...သူလဲ အကို့ခါးကို ပြန်ဖက်ရင်း မျက်ဝန်းတို့ကို မှိတ်ထားလိုက်သည်...အင်း...တွေးလို့မရရင်လဲကောင်းသား...ယုတ္တိမရှိဘူး...မဖြစ်နိုင်ပါဘူးလို့ ယုံကြည်ထားရင်လဲ ကောင်းသား...ခက်တာက သူ့ရင်ထဲ နှလုံးသားထဲမှာ ဆရာမ ဟာရီနာပြောခဲ့တာတွေကို အစစ်အမှန်ပါလို့ ယုံကြည်နေမိသည်လေ...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ