One Day [ Double Date ] - part 2

965 193 139
                                    

Unicode Version

လေဆိပ်ထဲက ထွက်ထွက်ခြင်း လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်နေတဲ့ Iwaki nii san ကို ကျွန်တော်တွေ့လိုက်ရတယ် ။ သူ့ရဲ့ဘေးမှာ ခရမ်းရောင်ခေါင်းလောင်းပန်းပွင့်လေးဟာ ခရမ်းနုပြေးပြေးရှပ်လက်ရှည်တစ်ထည်ကို တံတောင်ဆစ်လောက်ထိခေါက်တင်ပြီး စတိုင်ဘောင်းဘီအနက်ရောင်နဲ့ တွဲဝတ်ထားတယ် ။ Tenri ကို ရိုးရာဝတ်စုံ ကီမိုနိုနဲ့ပဲ မြင်တွေ့နေကျ ကျွန်တော်အဖို့ သူ့ရဲ့ သည်ပုံစံက အခြားလူတစ်ယောက်လိုတောင် ထင်မိတော့တယ် ။

" Iori လေယာဉ်က အချိန်မှန်သားပဲ တော်သေးတယ်"

အနားရောက်တာတဲ့ Iwaki nii san က သဘောပေါက်သလိုပြောလာတယ် ။ လေယာဉ်သာ အကြောင်းအမျိုးကြောင့် နောက်ကျရင် မြေခွေးကြီးကို ကျွန်တော်ထိန်းဖို့ခက်မယ်ဆိုတာ သူအတတ်သိနေပုံနဲ့ ။ Tenri ကတော့ Kokonoe sama ရှေ့မှာ ဦးညွှတ်အရိုအသေပြုလိုက်ပြီး နှုတ်ဆက်လိုက်တယ် ။

"Kokonoe sama"

"အင်း"

မြေခွေးကြီးကတော့ ထုံးစံအတိုင်း ခပ်တည်တည်ပဲ ။ Tenri က အရိုအသေပေးရင်းနဲ့ မဝံ့မရဲ မေးလာတယ် ။

" Kokonoe sama ... ဟို.. တောအုပ်မှာ အဆင်ပြေပါရဲ့လား .. ကျွန်တော်..."

"ပြေပါတယ် ... အင်း .. မင်းမရှိတော့ အမှိုက်တော့ ပိုရှုပ်တာပေါ့လေ .. နတ်ကွန်းရှေ့မှာ သစ်ရွက်ခြောက်တွေဆိုတာ ပွစိတက်နေတာပဲ"

"Kokonoe sama သစ်ရွက်စိမ်းတွေလို့ ပြောရင်ပိုမှန်မယ်ထင်တယ်"

ကျွန်တော်က ဘေးကနေ အနိမ့်အမြင့်မရှိနဲ့လေသံနဲ့ ဝင်ပြောတော့ Kokonoe sama က မျက်နှာကို မဲ့လိုက်တယ် ။ Tenri ရဲ့ ခပ်တည်တည်မျက်နှာလေးက အသာအယာပြုံးသွားလေရဲ့ ။

ဒီလောက်ဆို သူသဘောပေါက်လိုက်ပြီလေ ။ Kokonoe sama က Iori ကို တောအုပ်ကမခွာရအောင် အမျိုးမျိုး ကြံစည်နေတယ်ဆိုတာ ။

ဒီလိုနဲ့ ကျွန်တော်တို့လေးယောက်သား Iwaki nii san ရဲ့ကားနဲ့ လန်ဒန်ရဲ့လမ်းမတွေပေါ်  ဖြတ်မောင်းလာခဲ့တော့တယ် ။ ကားနောက်ခန်းမှာ ခပ်တည်တည်ထိုင်လိုက်လာတဲ့ မြေခွေးကြီးဟာ သူ့မျက်လုံးတွေကို မှိတ်လို့ထားတယ် ။ သူ့ဘေးက ကျွန်တော်ကသာ ဖြတ်လာခဲ့တဲ့ လမ်းဘေးရှုခင်းတွေကို ပြူးပြဲကြည့်ရင်း နောက်နေ့တွေ ဒီနေရာတွေကို လိုက်ပို့ဖို့ nii san ကို တတွတ်တွတ် ပူဆာနေခဲ့တယ် ။

Daily Life with KokonoeWhere stories live. Discover now