One Day [ Baby Fox ]

1.4K 301 83
                                    

Unicode Version

တစ်နေ့ ။ တောအုပ်ထဲ ကျွန်တော် လျှောက်သွားနေရင်း မြေခွေးပေါက်ကလေးတွေရဲ့ အသိုက်ကို တွေ့ခဲ့တယ် ။ တောအုပ်ထဲက ဂူလေးတစ်လုံးထဲမှာ မြေခွေးပေါက်ကလေး သုံးကောင်ဟာ ပူးကပ်တိုးဝှေ့ကာ အိပ်မောကျနေကြတယ် ။ သူတို့ရဲ့ အမေကြီးကတော့ အစာရှာ ထွက်သွားခဲ့တယ် ထင်တယ် ။ ဂူထဲမှာကလေးသုံးယောက်သာ အိပ်ပျော်နေခဲ့ကြတယ် ။ မျက်ခွံတွေ မှိတ်ထားရင်း နားရွက်လေးတွေ တဖြတ်ဖြတ်ခတ်နေကြတဲ့ မြေခွေးကလေးတွေဟာ ကြောင်ကလေးအရွယ်လောက်ပဲရှိတယ် ။ သူတို့ရဲ့ အမွေးတွေက ဆောင်းအအေးဒဏ်ကို ကာကွယ်နိုင်ဖို့ ပွယောင်းအောင်လုပ်ထားကြတာမို့ အမွေးလုံးလေးတွေလို ဖြစ်နေကြတယ် ။

ကျွန်တော် မြေခွေးလေးတွေကို အသာထိုင်ကြည့်နေရင်း ပွတ်သတ်ပေးချင်စိတ် ပေါ်လာပေမယ့် သူတို့ နိုးသွားမှာ စိုးတာကြောင့် လှမ်းမိလျက်သား လက်တွေကို ပြန်ရုပ်လိုက်မိတယ် ။ မြေခွေးပေါက်လေးတွေဟာ တအိအိ အော်ရင်း ပိုတိုးဝှေးပူးကပ်နေကြလေရဲ့ ။ ကြည့်ရတာ အိပ်မက်များ မက်နေကြတာလား ။ ချစ်စရာကောင်းလွန်းတဲ့ မြေခွေးပေါက်လေးတွေကို ကြည့်ရင်း Kokonoe sama ငယ်ငယ်ကဆို ဘယ်လိုမျိုးများလဲ လို့ ကျွန်တော် သိချင်လာခဲ့တယ် ။

" Kokonoe sama !!!"

"Iori ! မင်းက တိုးတိုး ညင်သာ ဆိုတဲ့ စကားလုံးကို မသိတာလား ?"

"အင် ?"

ဝုန်းဒိုင်းကျဲ ပြေးလာမိတဲ့ ကျွန်တော်ခြေလှမ်းတွေက Kokonoe sama ရဲ့ လေသံ ဩရှရှကြောင့် ဘရိတ်မိသွားတယ် ။ ကျွန်တော်ဟာ ဝတ်ရုံစကို အသာမ ၊ Kokonoe sama ရှိရာဆီ ခြေထောက်ကို ဖော့နင်းပြီး လျှောက်သွားရတော့တယ် ။ ကျွန်တော့်ရဲ့ ပြောင်းလဲသွားတဲ့ အနေအထားကို မျက်လုံးထောင့်စွန်းက မြင်တွေ့ဟန်ရှိတဲ့ Kokonoe sama ရဲ့ နှုတ်ခမ်းတွေက ဆတ်ခနဲ တွန့်ကွေးသွားလေရဲ့ ။

" Kokonoe sama "

"ဘာလဲ ?"

ထုံးစံ အတိုင်း Kokonoe sama ဟာ ဆုတောင်းစာတွေ ဖတ်ရင်း အလုပ်များနေတယ် ။ ဒီရက်ပိုင်း Kokonoe sama ဟာ အစည်းအဝေးပေါင်းများစွာကိုလည်း တက်ရောက်နေခဲ့ရတယ် ။ ဒါကြောင့် သူဟာ တောအုပ်မှာ အချိန်ပြည့် မရှိနိုင်ခဲ့တာ များတယ် ။ သူတို့ ကောင်းကင်ဘုံမှာ အရေးကြီး ကိစ္စတွေ အများအပြား ဖြစ်ပေါ်နေတယ်ဆိုလား တစွန်းတစ ကြားရလေရဲ့ ။ ကျွန်တော် သိချင်စိတ် ဖြစ်မိတိုင်း Kokonoe sama က ကျွန်တော့်ကို မစပ်စုဖို့ သတိပေးနေခဲ့တယ် ။

You've reached the end of published parts.

⏰ Last updated: Oct 05, 2021 ⏰

Add this story to your Library to get notified about new parts!

Daily Life with KokonoeWhere stories live. Discover now