One Day [ A letter to Kokonoe ] *Unicode*

739 89 0
                                    

ကျွန်​​တော်အင်မတန်ချစ်ခင်မြတ်နိုးရပါသော Kokonoe sama ...

Kokonoe samaရဲ့တောအုပ်မှာအေးချမ်းပါရဲ့လား ? ​အေးချမ်းပါရဲ့လားလို့မေးမိလို့ Kokonoe sama မျက်ခုံးတွေ တွန်ကွေးသွားမလား ကျွန်​​တော်​​တွေးမိပါတယ်​ ! တကယ်ဆိုငါ့တောအုပ်ကို အေးချမ်းပါရဲ့လားလို့မေးစရာကို မလိုဘူးလို့ Kokonoe sama ခပ်တည်တည်​​ ခပ်​​ချေချေဖြေအုံးမယ်မဟုတ်လား ? ကျွန်​​တော်ကလည် Kokonoe sama ရဲ့ အဲဒီ အထက်စီးဆန်ဆန်အမူအရာကို မြင်ဖူးချင်တာသေလုမတပ်ပါပဲ ! တခါတခါပေါ့လေ Kokonoe sama ကို အိပ်မက်ထဲလာစေဖို့ မအိပ်ခင်မှာ Kokonoe sama ကြောင် ကျွန်​​တော်အသည်းအသန်​ ​တွေးပြီး အိပ်ကြည့်ဖူးပါတယ်​ ! ဒါပေမယ့်ဗျာ မိုးသာ လင်းလု လင်းခင်ဖြစ်လာတယ်​ Kokonoe sama ကြောင်တွေးရင် ကျွန်​​တော်အိပ်ပျော်နိုင်ဖြစ်ပြီး အိပ်မက်ထဲတွေ့ဖို့အရေးလေး အောင်မမြင်ဖြစ်တာချည်းပဲ ! ဒီလိုများ ဖြစ်​​အောင်တမင်ပြုစားထားသလားလို့ Kokonoe sama ကို မဝံ့မရဲ စွဲချက်တင်ချင်​​သေးတာ ! " လူသားတွေ အတင့်ရဲလိုက်တာ " ဟုတ်လား ? Kokonoe samaအဲ့သလိုတွေးပြီး နှုတ်ခမ်းကို တွန်ကွေးလိုက်မယ်လို့ ကျွန်​​တော်ထင်မိပါရဲ့ ! ကျွန်​​တော်ဆိုသည်မှာလည် Kokonoe sama ရဲ့ အမူအရာအသေးစိတ်ကို စိတ်ထဲ လိုက်လံတွေးတောနေမိတော့တာပဲ ! ဒါနဲ့ စကားမစပ်အခုချိန်ဆို Kokonoe sama ရဲ့တောအုပ်မှာ ချယ်ရီတွေဝေနေရောပေါ့နော်​ ! ဂျပန်ပြည်မဟုတ်တဲ့ ကျွန်​​တော်မွေးရပ်​​မြေမှာလည်ရွှေဝါရောင်ပိတောက်​​တွေဝေနေတဲ့ ကြောင် Kokonoe sama ကိုပြောပြချင်​​သေးတယ်​ ! ​လေအဝှေ့မှာ ချာချာလည်​​ကြွေကျလာတဲ့ ချယ်ရီပွင့်ချပ်​​တွေနဲ့ Kokonoe samaရဲ့တောအုပ်ဟာ ပန်းချီကားတစ်ချပ်သဖွယ်လှပနေနိုင်သလို ကျွန်​​တော်မွေးရပ်​​မြေဟာလည်လေထုထဲကပိတောက်ရနံ့တွေနဲ့ သင်းသင်းပျံ့ပျံ့ လန်းဆန် လတ်ဆတ်လို့ပါပဲ ! ကျွန်​​တော်တို့ဆီမှာ မကြာခင်နှစ်သစ်ကူးတော့မယ်​ Kokonoe sama ! နှစ်သစ်ကူးချိန်မှာ နှစ်​​ဟောင်းက အညစ်ကြေးတွေကိုဆေးကျောတဲ့အနေနဲ့ တဦးနဲ့ တဦးအတာရေပက်ဖြန်းရတဲ့ လေ့လေးတစ်ခု ကျွန်​​တော်တို့ဆီမှာ ရှိတယ်​ ! အဲဒီ လေ့ပွဲတော်ကို သင်္ကြန်လို့ခေါ်တယ်​ Kokonoe sama ! ဒီလိုနဲ့ သင်္ကြန်ပွဲတော​​ရောက်တိုင် ယောက်နဲ့ ယောက်​ ​ရေလောင်းကြတာပါပဲ ! တကယ်လို့ ဖြစ်နိုင်ခဲ့ရင်​​လေ ကျွန်​​တော်​​တော့ Kokonoe sama ကို သင်္ကြန်​​ရေလောင်းချင်သား ! ဒါပေမယ် ဒါဟာ မဖြစ်နိုင်​​သေးတဲ့ ခြေအနေတစ်ခုပါပဲ ! ကျွန်​​တော်ဟာ ဂျပန်ပြည်က Kokonoe sama ရဲ့တောအုပ်ဆီ ရောက်နိုင်​​သေးသလို Kokonoe sama ဟာလည် ကျွန်​​တော့်ရဲ့မွေးရပ်​​မြေဆီ အလည်မလာနိုင်​​လောက်ပါဘူး ! ကျွန်​​တော်တို့ဟာ မတူညီတဲ့ ကမ႓ာနှစ်ခုမှာ ရှင်သန်​​နေကြရင် နေ့ပြီး နေ့ ဖြတ်သန်းကာ အသက်​​တွေ ကြီးလာကြပါလိမ့်မယ်​ ! ဒါပေမယ့်လည် ကျွန်​​တော်ဟာ Kokonoe samaရဲ့တောအုပ်ဆီ အမြဲ လာလည်ချင်နေလိမ့်အုံးမှာပါပဲ ! နေ့နေ့ ... တချိန်ချိန်​ ... ကမ္ဘာတစ်ခုခုမှာ ကျွန်​​တော်တို့တွေ့ဖြစ်ကြပါစေလို့ ဆုတောင်းရင် ... ကျွန်​​တော့စာကို အဆုံးသတ်လိုက်ပါတယ်​ !

Daily Life with KokonoeWhere stories live. Discover now