One Day [ Strawberry Birthday Cake ] *Unicode*

684 92 1
                                    

တောအုပ်​ရဲ့ ​ဆောင်​းဦးဟာ ​တော်​​တော်​တန်​တန်​​ အေးစိမ်​့စိမ်​့ရှိလှတယ်​ ! လူ​နေအိမ်​​ခြေ ပတ်​ဝန်​းကျင်​ထက်​ ပိုမှိုင်​း​ဝေတဲ့ ​တောအုပ်​ရဲ့ မနက်​​စော​စောဟာ အရပ်​ရှစ်​မျက်​နှာလုံး မြူတို့ဆိုင်​းလို့ မှိုင်​းပျပျရှိ​နေတယ်​ !

"ဒါ​တွေက ဒီ​နေ့အတွက်​ ဆု​တောင်​းစာ​တွေပါ Kokonoe sama !"

ဆု​တောင်​းစာတ​ပွေ့တပိုက်​နဲ့ ခန်​းမ​ဆောင်​ထဲ ဝင်​လာတဲ့ Tenriရဲ့ ခရမ်​း​ရောင်​ဝတ်​ရုံမှာ မြူနှင်​းတချို့ စိုလက်​လို့ ...

"အင်​း စားပွဲ​ပေါ်တင်​ထားလိုက်​ Tenri!"

Kokonoe က ပြတင်​းတံခါးဝက​နေ အပြင်​ကို ​ငေးရင်​း ပြန်​​ဖြေတယ်​ ! သူ့အ​တွေးထဲ မြူခိုး​တွေလို တစုံတရာဟာ မှိုင်​းပျရီ​ဝေ​နေသလိုပဲ !

"Tenri !"

"ဟုတ်​ကဲ့ Kokonoe sama !"

"ဒီဇင်​ဘာ ! လူသား​တွေ သတ်​မှတ်​ကျတဲ့ လအ​ခေါ်အ​ဝေါ်အရ ဒီဇင်​ဘာဆိုတာ အခုလ မဟုတ်​လား?"

"ဟုတ်​ပါတယ်​ Kokonoe sama !"

"ဒါဆို ဒီဇင်​ဘာ ၄ ရက်​​နေ့ဆိုတာ ဒီ​နေ့​ပေါ့ ?"

"ဟုတ်​ပါတယ်​ ! ဟို ... ဘာကိစ္စများရှိလို့လဲဟင်​ Kokonoe sama ? ဒီဇင်​ဘာ​လေးရက်​​နေ့မှာ ဘာလုပ်​စရာရှိလို့လည်​း?"

အပြင်​ကို​ငေး​နေဆဲ Kokonoe မျက်​​မှောင်​​တွေကုတ်​သွားတယ်​ ! ပြီး​တော့ သူ့​ခေါင်​းကို တချက်​ခါလိုက်​ပြီး အ​ရေးမကြီးသလိုအမူအရာနဲ့....

" ဘာမှ ​ရေးကြီးခွင်​ကျယ်​မဟုတ်​ပါဘူး! ဆု​တောင်​းစာထဲ ပါတဲ့ ရက်​တရက်​ အမှတ်​ရမိလို့ ​မေးကြည့်​့တာ!"

"​သြော်​.. ဟုတ်​!"

"အဲ ... Kokonoe sama ဘယ်​သွားမလို့လဲ ?"

ရုတ်​တရက်​ ဘာမ​ပြောညာမ​ပြော ခန်​းမ​ဆောင်​ထဲက ထွက်​သွားတဲ့ Kokonoe ​ကြောင်​့ Tenri ပိုက်ထားမိဆဲ ​ဆု​တောင်​းစာလိပ်​​တွေကို စားပွဲ​ပေါ် အမြန်​ချပြီး ကပြာကယာ​မေးလိုက်​တယ်​ !

" ဘယ်​မှမသွားပါဘူး ! ငါလုပ်​စရာ​လေးရှိလို့"

"ဟို Kokonoe sama ဆု​တောင်​းစာ​တွေ မဖတ်​ရ​သေး...."

Daily Life with KokonoeWhere stories live. Discover now