One Day [ Double Date ] - part 1

1.9K 299 129
                                    

Unicode Version

နွေဦးချိန်ခါ ကောင်းကင်ဘုံ လမ်းမတစ်လျှောက်ရှိ ချယ်ရီပင်တို့မှာ အပြိုင်းအရိုင်းပွင့်ဖူးဖို့ အားပြိုင်နေခဲ့ပြီ ။ ကောင်းကင်ဘုံဆီ ဆုတောင်းစာများပို့ပြီး အပြန် လမ်းတစ်လျှောက် ဟိုငေးဒီငေးနဲ့ ကျွန်တော် လျှောက်လာခဲ့တယ် ။ နတ်မင်းတွေအားလုံးကို ကြည့်ရတာ တစ်ခုခုအတွက် အလုပ်များနေသလိုပဲ ။

"Iori !"

ရုတ်တရက် လမ်းမတစ်နေရာက ခေါ်သံကြောင့် ကျွန်တော် ခြေလှမ်းတွေ တုန့်ခနဲ ဖြစ်သွားပြီး လှမ်းကြည့်လိုက်တဲ့အခါ ရှေ့တူရူမှာ ရပ်နေခဲ့တာ အပြာနုရောင် ကီမိုနိုနဲ့ ငွေရောင်ဆံနွယ်ရှည်တွေ ပိုင်ဆိုင်တဲ့ Kokonoe sama ။ မနက်နေရောင်ခြည်နုနုအောက်မှာ Kokonoe sama ရဲ့ ငွေရောင်ဆံနွယ်တွေက ပိုအရောင်တောက်နေသယောင်ယောင် ။ သူ့ရဲ့ ခေါင်းပေါ်က နားရွက်ချွန်ချွန်တွေဟာ တဖျပ်ဖျပ်လှုပ်ရှားသွားပြီး မျက်ခုံးတို့က ထုံးစံအတိုင်း အလိုမကျဟန် တွန့်ချိုးကာ ပြောလာပြန်တယ် ။

" အလုပ်ပြီးတာကို တန်းမပြန်သေးဘဲ ဘာတွေ ငေးမောနေတာလဲ ?"

ကျွန်တော် မြေခွေးကြီးနားကို အပြေးကလေးသွားပြီး မျက်နှာချိုသွေးရပြန်တယ် ။

" နွေဦးမှာ ပွဲတော်တွေဘာတွေများ ရှိတာလားလို့လေ Kokonoe sama ! လမ်းတွေမှာ တစ်ခုခုအတွက် ပြင်ဆင်နေကြသလိုပဲလို့ အဲဒါ ကြည့်နေတာ ! Kokonoe sama ကရော အစည်းအဝေးရှိလို့လား ? ဒီလိုမှန်းသိ မနက်စောစော တူတူလာလို့ရတာပဲ"

" Izanagi sama က အခုမှ ဆင့်ခေါ်လို့ လာတာ ! မင်းလည်း ဘာမှကြည့်မနေနဲ့ ! ပွဲမမြင်ဖူးဘူးလား ? သွား အိမ်ပြန်တော့ ! လူသားတွေ စပ်စုချင်စိတ်ကို များလွန်းတယ် !"

အသားကျနေတဲ့ ဆူငေါက်သံကြောင့် ကျွန်တော်က နှုတ်ခမ်းဆူမိတော့ Kokonoe sama ရဲ့ မျက်ခုံးတွေက ပိုတွန့်ကွေးလာတယ် ။

" မင်းက မနာခံတဲ့သဘောလား ? လူသားတွေ ရောင့်ကန်းတက်တဲ့နေရာမှာ ပထမတန်းပဲ ! ဟမ့် !"

"ဟီး ပြန်မှာပါ Kokonoe sama ကလည်း မနက်စောစောစီးစီး စိတ်တိုနေတာ ချစ်စရာကြီး"

Daily Life with KokonoeWhere stories live. Discover now