မနက် အိပ်ဆောင်တံခါးကို ဖွင့်လိုက်တာနဲ့ နွေးထွေးတဲ့ နေရောင်ခြည်ဟာ အခန်းထဲကို အလုအယက်ဝင်လာတယ် ! တောအုပ်ဟာ ကျေးငှက်သံတို့နဲ့ စောစီးစွာ အသက်ဝင်နေနှင့်ပြီ !
*yawn*
ကျွန်တော် တချက်သန်းဝေရင်း မြင်နေရတဲ့ ပြတင်း တစ်ပေါက်စာ ခပ်စိမ်းစိမ်းတောအုပ်ကို ငေးကြည့်နေမိသည် ! အခုဆိုရင် ကျွန်တော် ဒီတောအုပ်ကိုရောက်တာ နှစ် နှစ်ကျော် ! အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး ခက်ခဲတဲ့ရင်ဆိုင်မှုတွေကြားက ချိုမြိန်နွေးထွေးတဲ့ အချစ်မေတ္တာကို ကျွန်တော် ရှာတွေ့ခဲ့တာလည်း နှစ် နှစ်ကျော် !
သူ....
ကျွန်တော့်ရဲ့ အချစ်ရဆုံးသော ....
Kokonoe sama...
ခန့်ညားတဲ့ ... ခနိုးခနဲ့ ပြုံးတတ်တဲ့ ... စူးရှရှ မျက်လုံးပိုင်ရှင် ... ချစ်တတ်တဲ့ ... ဝန်မခံတဲ့ ... နားရွက်ချွန်ချွန်တွေပိုင်ဆိုင်တဲ့ ... ခပ်ချေချေ ညစ်ကျယ်ကျယ် မြေခွေးကြီး ...
သူ့ရဲ့ ဂုဏ်ပုဒ်တွေဟာ ပြောမကုန် ! သူ့အကြောင်းတွေးရင်း ကျွန်တော်တကိုယ်လုံးဟာ ပူနွေးလာပြီး အလိုလို ပြုံးနေမိတတ်တာလည်း သူ့ရဲ့ အစွမ်းအစတွေပဲ ဖြစ်မယ် !
အခုချိန်ဆို သူဘာလုပ်နေမလည်း ? ပြေးမကြည့်နဲ့ ပြေးရင် အအော်အငေါက်ခံရဖို့ အသေအချာပဲ ဒါကြောင့် တွေးသာကြည့် သူအခု ခန်းမဆောင်ထဲ စာရွက်လိတ်တွေကြား အလုပ်ရှုပ်နေမှာပေါ့ !
ကျွန်တော်တွေးရင်း အူမြူးလာသလိုပဲ နောက်ပြီး သူ့ကို ပြင်းပြင်းပြပြ တွေ့ချင်လာတယ် ! အမှန်ဆို ဝေးနေကြတာမဟုတ်ပေမယ့် ကျွန်တော်က အကဲပိုတယ်ပဲ ပြောပြော Kokonoe sama ကို အချိန်တိုင်း ချစ်နေတာလေ ! ကျွန်တော် Kokonoe sama ကို အခန်းထောင့်လေးကနေ ငုတ်တုတ်လေး ငေးနေရရင်တောင် ကျွန်တော့်ဘဝကြီး ပြီးပြည့်စုံသွားသလိုပါဆို ! ဒါပေသိ သူ့ရှေ့မှောက် ရောက်တဲ့အခါ သူ့အမူအရာတွေ မြင်ပြီး ပူထူပြီး အယောင်ယောင်အမှားမှား ဖြစ်တာကတော့ ကျွန်တော် ဝသီပါလေ !