One Day [ Ousama Game ] *Unicode*

820 87 10
                                    

တ​စ်နေ့....

ကျွန်​​တော်​တို့ ​တောအုပ်​မှာ ရှိ​နေချိန်​ Izanagi sama ဆီက ဖိတ်​ကြားလွှာ ရောက်​လာတယ်​ !

"Kokonoe sama အတွက်​ Izanagi sama က ဖိတ်​ကြားလွှာပို့ခိုင်​းလို့ပါ !"

"ဖိတ်​ကြားလွှာ? ဘာဖိတ်​ကြားလွှာတုန်​း ​နေရင်​းထိုင်​ရင်​း ဒီအဘိုးကြီး ဘာစိတ်​ကူး​ပေါက်​တာလဲ ?"

Kokonoe sama က ထုံးစံအတိုင်​း အချိုးမ​ပြေစွာ​ရေရွတ်​ပြီး ဖိတ်​ကြားလွှာကို ဖြန်​့ဖတ်​​ေ​တာ့ စာချွန်​လာပို့တဲ့ Izanagi sama ရဲ့ ကိုယ်​စားလှယ်​က ပြုံး​ယောင်​​ယောင်​လုပ်​​နေတယ်​ ! ကျွန်​​တော်​က​တော့ အလိုလို​နေရင်​း ​ချွေးပျံမိသည်​ ! မသကာ ကိုယ်​စားလှယ်​​တော်​က Izanagi sama ကို သွားပြန်​​ပြောရင်​မခက်​လား ? အလကား​နေ ​ရွှေစိတ်​​တော်​ ညိုလို့ Kokonoe sama အပြစ်​ကျ​နေမှဖြင့်​့ ....

ဒီ​မြေ​ခွေးကြီး ပါးစပ်​နဲ့​တော့ ခက်​​သေးတယ်​ ....

*sigh*

"​နေစမ်​းပါအုံး Iori ! မင်​းက ဘာကိစ္စ သက်​ပြင်​းချ​နေရတာတုန်​း?"

"အဲ"

သူ့မျက်​​မှောင်​​တွေက ခပ်​ကုပ်​ကုပ်​ အလိုမကျဟန်​ ! အဲ့ဒီ့​နောက်​ သူ့လက်​ထဲက ဖိတ်​ကြားလွှာကို ပြန်​လိပ်​ပြီး ခုံ​ပေါ်ပစ်​တင်​ရင်​း တခုခုကို ​တွေး​တောသလို တိတ်​​နေပြန်​တယ်​ !

"Kokonoe sama ဖိတ်​ကြားလွှာက ဘာ​ရေးထားလို့လဲ ?"

*sigh*

မြေ​ခွေးကြီးက သက်​ပြင်​းရှည်​တခု ချတယ်​ ! ကျွန်​​တော်​ထပ်​​မေးမိပြန်​တယ်​ !

" ဘာတဲ့လဲ Kokonoe sama ?"

သူမ​ဖြေပြန်​ ... သူ့မျက်​ခုံး​တွေကို တွန်​့​ကွေး​ပြီး စားပွဲခုံ​ပေါ် လက်​သည်​းနဲ့တ​တောက်​​တောက်​​ခေါက်​​နေတယ်​ !

"မင်​းက မပြန်​​သေးဘူးလား?"

အဲ့ဒီ့​နောက်​ မျက်​စိ​ရှေ့မှာ ဒူး​ထောက်​လျှက်​သားရှိ​နေဆဲ ကိုယ်​စားလှယ်​ကို Kokonoe samaက မျက်​လုံး​တွေ​မှေးကျဉ်​းကာကြည်​့ရင်​း ​မေး​တော့...

"ဟို.... Izanagi sama က မှာလိုက်​လို့ပါ ! Kokonoe sama ဆီက လာခဲ့ပါမယ်​ဆိုတဲ့ ကတိရမှ ပြန်​ခဲ့လို့မှာလိုက်​လို့ပါ !"

Daily Life with KokonoeWhere stories live. Discover now