Note

2.1K 65 1
                                    

မင့်ကြောင့်သာကိုယ်ကပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာခဲ့ရတာပါ။

ရှန်းယန်ရှင်း ရှင်းယယ် ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာက တခြားလူတစ်ယောက်က သူ့ကိုရန်ပွဲတစ်ခုထဲဆွဲသွင်းခဲ့လို့ဖြစ်တယ်။

ထိုရန်ပွဲက စိတ်လှုပ်ရှားဖို့ကောင်းခဲ့တယ်။

ဒုတိယအကြိမ်တွေ့ဆုံချိန်ကတော့ ရှင်းယယ့် ကြိုးဝိုင်းထဲမှာ လက်ဝှေ့ ထိုးပွဲထိုးပြီးသွားတတုန်းကဖြစ်တယ်။ကြိုးဝိုင်းအလယ်မှာ ဒဏ်ရာဗလပွနဲ့ ရပ်နေခဲ့တဲ့ ရှင်းယယ့် တစ်ယောက် သူ့ရဲ့စိတ်ဓာတ်ကျနေတဲ့ အကြည့်တွေဟာ လူသူအားလုံးကို ဖြတ်ကျော်ပြီး ရှန့်ရန်ရှင်းပေါ်တွင်သာ ရှိနေခဲ့တယ်။

ရှန့်ရန်ရှင်းက ရှင်းယယ်ကို အိမ်ပြန်ပို့ပေးခဲ့တယ်။

တတိယအကြိမ်တွေ့ဆုံမှု့က ရှန်းရန်ရှင်း တစ်ယောက် တစ်‌ခေါင်းလုံး ဆံပင်အနီဆိုးလျက် ကျောင်းအသစ်ကို ပြောင်းလာခဲ့တဲ့ အချိန်ဖြစ်တယ်။သူစာသင်ခန်းထဲကို ရောက်လာချိန်မှာပဲ ရှင်းယယ်နဲ့ အကြည့်ချင်းဆုံမိပြီး ခန္တာကိုယ်တစ်ခုလုံး ကျောင်းဝတ်စုံထဲ နစ်မြုပ်သွားစေချင်မိခဲ့တယ်။

ရှင်းယယ့် ရဲ့အဆင့်က 18 နေရာမှာရှိပြီး ရှန်းရန်ရှင်းက 148 နေရာမှာရှိသည်။

နောက်ပိုင်းတွင် ; ရှင်းယယ်၏ နဖူးထောင့်မှ သွေးများအဆက်မပြတ်ကျနေပြီး လက်တစ်ဖက်က ရှန့်ရန်ရှင်းကို တံခါးတွင်တွန်းကပ် ထားပြီး သူ၏သွားကပ်ကို တခြားလက်တစ်ဖက်ရှိ လက်ဝှေ့ထိုးတဲ့လက်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ရက်စက်သည့် အငွေ့အသက်များ ပေါ်လွင်နေပြီး "ငါ့ကိစ္စတွေမှာ ဝင်မရှုပ်နဲ့ ဒီမှာရှိတဲ့ လူတွေက မင့် သူငယ်ချင်းတွေ ဟုတ်မနေဘူး ။ သူတို့ အားလုံးက ရူးရင်ရူး မဟုတ်ရင် ဆန်ကုန်မြေလေးတွေချည်းပဲ"

ရန်းရန်ရှင်း ; "ငါအရှေ့မှာရှိနေတဲ့ ဆန်ကုန်မြေလေးကရော ငါ့ကိုလွှတ်ပေးမှာလား?"

သူသည်ညမိုးကောင်းကင်အလယ်၌ ပေါင်းပင်ပေါင်းများစွာကို မီးရှို့ခဲ့သည်။သူပိုင်ဆိုင်တဲ့ အရာအားလုံးကုန်ခန်းသွားခဲ့လျှင်တောင် ဖြတ်သွားဖြတ်လာသူစိမ်းတွေက ထိုအရာတို့ထံမှ ကြွင်းကျန်ရစ်သည့် မီးကျီးခဲများနှင့် ပြာမှုန့်တို့ကိုသာမြင်နိုင်လိမ့်မည်။

Embers(余烬)(မြန်မာဘာသာပြန်)Where stories live. Discover now