အပိုင်း -၃(Zawgyi)

20 3 0
                                    

တရားမျှတတဲ့ဘက်မှာ ရပ်တည်ခဲ့တယ်

စားသောက်ဆိုင်သည်သူမျှော်လင့်ထားသည့်အတိုင်းမဟုတ်ပေ။ တကယ်တော့အခြားအဆောက်အဦး တစ်ခုရှေ့မှာဖွင့်ထားတဲ့ဆိုင်ခန်းငယ်တစ်ခုပင်ဖြစ်သည်။
ဆိုင်ရှေ့တွင်ပလပ်စတစ်စားပွဲနှင့်ကုလားထိုင်များစွာရှိသည်။ ဆိုင်ခန်းလေးပေါ်တွင်တစ်ခုတည်းသောမီးသီးတစ်လုံးသာ ထွန်းထားပြီး တစ်ဆိုင်လုံး ထိုမီးအလင်း ရောင် တစ်ခုသာရှိသည်။
အေးစက်သောလေနှင့်အတူမီးလုံးသည်ယိမ်းထိုးသွားပြီး မြင်ကွင်းတစ်ဝန်းလုံး ပို၍စိတ်ညစ်ညူးလာ စေသကဲ့သို့ပင်။
အချိန်အနည်းငယ်မျှ ရှန်ရန်ရှင်းက ရှင်းယယ်သူ့ကို ကလဲ့စားချေနေတာများလားလို့ တွေးမိသွားသည်။
ရှင်းယယ်က သူ့အားလူကုန်ကူးသူများထံရောင်းစားတော့မည်ဟူသောအတွေးကိုတွေးကာ တစ်ကိုယ်တော်ရှိုးလုပ်နေလိုက်သေးသည်။
"ချွဲ အဖိုးကြီး! ခေါက်ဆွဲဘယ်မှာလဲ။ ခုမှစ ယက်နေရတာလား!" ဟု ပလတ်စတစ်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်နေသောသက်လတ်ပိုင်းအမျိုးသားတစ်ဦး က သူ၏ဘီယာကိုချလိုက်ပြီး ဆိုင်ရှင်အား လှမ်းအော်လိုက်သည်။
ထိုလူသည်သူ၏စားပွဲ၌အခြားယောက်ျားနှစ်ယောက်နှင့်အတူရှိလေသည်။ သူတို့သည် ထိုဆိုင်၏ ဖောက် သည်များ ဖြစ်ပုံပေါ်သည်။ ထိုလူသုံးဦးသည် ထိုင်ခုံများပေါ်တွင်ထိုင်ကာ စကားစမြည်ပြောပြီး အရက်သောက်နေကြသည်။ ၎င်းတို့၏အသံများသည်ကောင်းကင်ကိုလှုပ်ခါရလောက်အောင်ပင် ကျယ်လောင်လှသည်။ ၎င်းတို့၏စားပွဲပေါ်တွင် ဘီယာပုလင်းငါးလုံးနှင့်မြေပဲတစ်ပန်းကန်ရှိပြီး အောက်တွင်လည်း ပုလင်းအလွတ်များနဲ့ပြည့်နှက်နေသည်။
"ဒါကခဏနေအဆင်သင့်ဖြစ်လိမ့်မယ်။ ငါ့ကိုမနှောင့်ယှက်နဲ့! " သူဌေးကပိုကျယ်လောင်တဲ့အသံနဲ့ပြန်အော်တယ်။
သူ၏လက်ချောင်းများသည်အိုးအထက်မှလေပေါ်တွင်ခုန်ပျံကျော်လွှားနေသည်။ မသိမသာနိုင်သောအငွေ့ များကလေထဲသို့မြင့်တက်သွားပြီး လက်မောင်းကိုဖုံးလွှမ်းသွားသည်။ လက်မောင်းပေါ်ရှိတက်တူးသည်ရေနွေးငွေ့များနှင့်အတူဝေဝေဝါးဝါးသာ မြင်ရတော့သည်။
စောစောကပြောသောလူကသူ့ရှေ့ကစားပွဲကိုရိုက်ကာ " လောင်ဇီက ဆိတ်ထိန်းတကောင်လို ဆာလောင်နေပြီလို့ "
" ခဏလောက်စောင့်ပါအုန်း လာ မြေပဲနောက်တစ်ခွက် လာယူလှည့် "
နှစ်ယောက်သား အချိန်အတန်ကြာ တစ်ယောက်ကို တစ်ယောက် ကပ်သီးကပ်ဖဲ့ ပြောဆိုနေကြပြီးနောက်ဆုံးတွင် ၀ယ်သူသည် မတ်တပ်ရပ်ပြီး မြေပဲကိုသူ့စားပွဲသို့ပြန်ယူသွားလေသည်။
ရှန်ရန်ရှင်းသည် သူတို့ပြောသောစကား၏ထက်ဝက်ခန့်ကိုသာနားလည်သည်။ တရုတ်လိုရောနှောထားတဲ့နိုင်ငံခြားဘာသာစကားအချို့ကိုပြောနေတာနဲ့တူတယ်။
ထို့နောက်သူသည် ထိုလူများထံမှ သူ့အကြည့်ကိုလွှဲလိုက်ပြီး တစ်ဖက်အားကြည့်လိုက်ရာ ပါဆယ်ယူဖို့စောင့်နေတဲ့ကောင်မလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။
ရာသီဥတုက အေးနေသော်လည်း နှစ်ဦးလုံးက မိတ်ကပ်အား ထူထဲစွာ လိမ်းချယ်ပြီး စကတ်တိုများကို ၀တ်ထားကြသည်။ စောင့်နေရင်းနဲ့နှစ်ယောက်စလုံးဆေးလိပ်အား သောက်နေကြသည်။
ထိုမိန်းကလေး နှစ်ယောက်စလုံးသည် ခိုက်ခိုက်တုန်အောင် ချမ်းနေကြောင်းကို သူရှင်းရှင်းလင်းလင်း တွေ့နေရသည်။ နှစ်ဦးလုံးက ပြင်းပြင်းထန်ထန်ကို တုန်နေကြပြီး လက်ထဲတွင် ကိုင်ထားသော ဆေးလိပ်မှ ဆေးလိပ်ပြာပင် ထိုတုန်ယင်မှုကြောင့် မြေပေါ်သို့ ကျလာကြကုန်သည်။
ဤနားတစ်ဝိုက်ရှိလူများတွင် တစ်ယောက်မှ ကောင်းကောင်းမွန်မွန် ရှိသည့်ပုံ မပေါ်ပေ။
ဤခေါက်ဆွဲဆိုင်သည်စည်းမျဉ်းစည်းကမ်းနှင့်လည်းမကိုက်ညီချေ။ ရိုးရှင်းကာ ဖြစ်သလိုပြုလုပ်ထားပြီး
သန့်ရှင်းရေးကိုလည်း အလွန်အကျွံဂရုမစိုက်ခဲ့ပုံ
ပေါ်သည်။
ရှန်ရန်ရှင်းသည် ပါးဇောင်တစ်ချက်ကိုက်လိုက်ပြီး
မျက်လုံးထဲတွင် အထင်အမြင်သေးမှုများဖြင့်အဝေးကိုလှမ်းကြည့်လိုက်သည်။
ရုတ်တရက်သူအရမ်းဗိုက်မဆာတော့ဘူး။
သို့သော် သူ ရှင်းယယ်ကို စားသောက်ဆိုင်ပြောင်းဖို့ရာတောင်းဆိုနေတဲ့အချိန်မှာ ဆိုင်ရှင်က သူတို့ကိုသတိထားမိသွားသည်။
သူဌေးက ရှင်းယယ်ကို တွေ့သောအခါ မျက်ခုံးပင့်လိုက်ပြီး ထိတ်လန့်အားတက်သရောလေသံဖြင့်" ဟမ်? လာကြ လာကြ ခေါက်ဆွဲနည်းနည်း စားသွားကြအုန်း "
ထို့နောက်သူသည်ခေါက်ဆွဲနှစ်ပွဲစာကို ရေနွေးထဲသို့လောင်းချလိုက်သည်။
ရှန်ရန်ရှင်း: "... "
ရှင်းယယ် က "အမ်း" ဟုသာပြန်ဖြေလိုက်သည်။
ကြည့်ရတာ ရှင်းယယ်နဲ့ ဆိုင်ရှင်က တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းကြပုံရတယ်။
ရှင်းယယ်က ရှန်ရန်ရှင်းကို စားပွဲတစ်ဝိုင်းတွင် ထိုင်ခိုင်းလိုက်ပြီး သူကဆိုင်ရှင်အား" ဝက်သားခေါက်ဆွဲအစပ် နှစ်ပွဲ" ။
ဟုမှာလိုက်ပြီးမှသူက ရှန်ရန်ရှင်း အား "မင်းအစပ်စားသလား။ "
ရှန်ရန်ရှင်း " ......"
ရှန်ရန်ရှင်း ထိုင်လိုက်ကာ သူစားပွဲမျက်နှာပြင်ကိုမကြည့်ဘဲနှင့်မနေနိုင်ခဲ့ချေ။
စားပွဲပေါ်တွင် ဆီက အလွှာတစ်ခုကဲ့သို့ ပြောင်လက်တောက်ပနေသည်။ ယင်ကောင်များက ထိုအဆီလွှာထဲသို့ ပြုတ်ကျနေကြပြီး ထိုယင်ကောင်များဆီမှ အသံများကလည်း ဆူညံစွာ ထွက်ပေါ်နေသည်။
ရှန်ရန်ရှင်း၏မျက်နှာသည် မဲမှောင်သွားကာ နှုတ်ခမ်းစူပြီး သူက" ဟုတ်ပြီ။ ဒါက ငါမမျှော်လင့်ထားတဲ့ကိစ္စပဲ"
ပြီးတော့အဲဒါကသူအလျှော့မပေးရမယ့်အရာတစ်ခုပဲ။
"ကောင်းပါပြီ။"
ထို့နောက်ဆိုင်ရှင်က" ဘီယာလိုချင်လား" ဟုပွင့်ပွင့်လင်းလင်းမေးလိုက်သည်။
"တစ်ပုလင်း" ရှင်းယယ်သည် သစ်သျူးစ အနည်းငယ်ကိုအေးဆေးစွာ ဆွဲထုတ်လိုက်ပြီး ရှန်ရန်ရှင်းထံသို့လွှဲပြောင်းပေးလိုက်ကာ " ဒီကခေါက်ဆွဲတွေကတကယ်နာမည်ကြီးတယ်။ "
ရှန်ရန်ရှင်းသည်ပထမတော့ အံ့အားသင့်သွား
သော်လည်း သူသည်သစ်သျူးစများကိုလက်ခံပြီးစားပွဲပေါ်သို့သုတ်ချလိုက်သည်။
ဆိုင်ရှင်၏ ခေါက်ဆွဲပြင်ဆင်မှုမှာ အချိန်သိပ်မယူလိုက်ရပေ။ ခဏအတွင်း တရုတ်ပန်းကန်လုံးကြီးနှစ်လုံးဖြင့် ခေါက်ဆွဲများကို လာချပေးလာသည်။
ပန်းကန်ပေါ်တွင် အနီရောင် ငရုတ်ဆီများနှင့် ဝတ်သားပြားများက အပြည့်ဖြစ်နေပြီး အနံ့ရော မြင်ရသည့် အမြင်အရရော စားချင်စဖွယ်အတိဖြစ်နေသည်။
ရှင်းယယ်က ဘီယာပုလင်းအား ဖွင့်လိုက်ကာ ကျောင်းယူနီဖောင်းအားလည်း တံတောင်ဆစ်အထိ လိပ်တင်ထားလိုက်သည်။ သူ၏ ကျောင်းသားကောင်းပုံစံသည်လည်း ချက်ချင်းပျောက်ကွယ်သွားလေသည်။
ရှင်းယယ်က တစ်ခါသုံးခွက်နှစ်ခွက်ကိုဖမ်းပြီး ရှန်ရန်ရှင်း ကို "တစ်ခုလောက်လိုချင်လား" ဟုမေးလိုက်သည်။
ရှန်ရန်ရှင်းက ခေါင်းညိတ်လိုက်ပြီး တစ်ခါတည်းနဲ့ခွက်တစ်ဝက်ကိုသောက်လိုက်သည်။
ရေခဲပျော်ဝင်နေသောဘီယာ၏ အရသာသည် သူ၏လည်ချောင်းတစ်လျှောက် ဖြတ်ဆင်းသွားပြီး ရေငတ်ခြင်းကို သက်သာစေသည်။
မှာထားသော ခေါက်ဆွဲများချပေးပြီးသွားသော်လည်း ဆိုင်ရှင်က ထွက်မသွားသေးဘဲ ရှင်းယယ်နှင့် စကားစမြည်ဆက်ပြောနေသည်။ " မင်းလာလည်ဖို့ အချိန်ရလို့ ငါအံဩနေတာ"
ထို့နောက်သူသည် ရှင်းရီ၏ အဝတ်အစားများကို
အကဲခက်လိုက်ပြီး "မင်းအခုကျောင်းကနေထွက်လာတာလား။ မင်းတော့ ကျောင်းကဆရာတွေ အပြစ်ပေးတာခံရတော့မှာပဲ။ ဘာလို့ အားလုံးရွံ့တွေပေနေရတာလဲ။ ရန်ဖြစ်လာခဲ့တာလား။"
ဆိုင်ရှင်၏ စကားသံသည် ခပ်မြန်မြန်နှင့် လေယူလေသိမ်းက တစ်မျိုးဖြစ်နေသည်။ ရှန်ရန်ရှင်းသည် ရှေ့မှတူတစ်ချောင်းအား လှမ်းယူလိုက်ရင်း ထိုလူကြီးပြောတာတွေကို တိတ်တိတ်လေး ဘာသာပြန်ကြည့်နေသည်။
ရှင်းယယ်က ဆိုင်ရှင်၏စကားကို အသိအမှတ်ပြုသလို အသံတစ်ချက်ပေးကာ ခေါင်းငုံ၍ခေါက်ဆွဲကိုသာ မွှေနေလိုက်သည်။ ရှင်းယယ်သည် လျစ်လျူရှုမမှုအပြည့်ဖြစ်နေသောအသံဖြင့် " ငါကျောင်းကအပြန်မှ အဝိုင်းခံလိုက်ရတာ"
ရှင်းယယ်၏စကားအဆုံးတွင် ဆိုင်ရှင်က ဟမ် ခနဲဖြစ်သွားပြီး ခဏအကြာတွင် ရယ်လိုက်ပြီး စူးစမ်းလိုစိတ်အပြည့်ဖြင့်" အဲ့တာက စီးပွားရေးကိစ္စတွေနဲ့ ဆိုင်နေသလား" ဟုမေးလိုက်သည်။
"?"
ရှန်ရန်ရှင်းသည်သူတို့နှစ်ယောက်ကိုမကြည့်ဘဲမနေနိုင်တော့ချေ။
သူ ရှင်းယယ် ခေါင်းဖြည်းဖြည်းညိတ်လိုက်တာကိုတွေ့လိုက်ရသလိုပင်။
ရှင်းယယ်သည် မျက်လွှာချကာ အရာအားလုံးကပုံမှန်နေသကဲ့သို့ တည်ငြိမ်နေသည်။
ခေါက်ဆွဲများကိုမွှေလိုက်သဖြင့် မြင့်တက်လာတဲ့ရေနွေးငွေ့က သူ့မျက်နှာကို မှုန်မှုန်ဝါးဝါးဖလစ်တာ တစ်ခုထပ်ထည့်လိုက်သလိုပင်။
မနေ့ညကလမ်းကြားမှာအုပ်စုနဲ့စကားပြောနေစဉ်ရှင်းယယ်ရဲ့ပုံစံကရုတ်တရက် ရှန်ရန်ရှင်း ပြန်ပြောင်းသတိ ရသွားသည်။ ထိုအချိန်တွင် သူ ရှင်းယယ်ကို သေချာ မကြည့်လိုက်ရသော်လည်း ရှင်းယယ်၏ပုံစံက ယခုကဲ့သို့ပင် ဖြစ်နေမည် ထင်သည်။
ရှန်ရန်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး ရှင်းယယ်လုပ်သလိုသူ့ခေါက်ဆွဲကို ရောမွှေလိုက်သည်။ အရသာရှိသောအနံ့က သူ့နှာခေါင်းထဲသို့ ၀င်လာပြီး ပူပူနွေးနွေးခေါက်ဆွဲ၏ရနံ့နှင့် ငရုတ်သီးငရုတ်ကောင်းနှင့်အသားနံ့တို့က ဖုံးလွှမ်းသွားသည်။ ရုတ်တရက်သူဗိုက်ဆာလာသည်။

Embers(余烬)(မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin