အခန်း-၂(Unicode)

125 15 0
                                    

နှစ်ရာ့ငါးယွမ်

ဖုန်းနံပါတ် ရခဲ့တယ်

ရှဲန်ရန်ရှင်းသည် သတိလက်လွတ်နေနေသည့် ငတိတစ်ဦးအား ဖမ်းကာ လေထဲသို့မြောက်ကာ ကိုင်ပေါက်လိုက်ပြီး အဆုံး၌ ထိုသူမှာ လမ်းမထက်မြေကြီးပေါ်သို့ မှောက်ရက်ကျသွားလေသည်။ ချက်ချင်းဆိုသလိုပင် အရာအားလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက သူ့အား ကြောင်ကြည့်နေကြသည်။

ရှင်းယယ်မှာ ပထမဆုံးတုံ့ပြန်သူဖြစ်သည်။ ထိုသူမြေပေါ်သို့ကျသွားသည့်အချိန်တွင်း သူနဘေးနားရှိ ငတိတစ်ကောင်အားလည်ပင်းမှဆွဲကာ အခြားတစ်ယောက်၏ မေးစေ့နှင့်တိုက်မိအောင် တွန်းလွတ်လိုက်သည်။ ထိုငတိလည်း လမ်းပေါ်သို့လဲကျသွားပြီး အားလုံးအံ့ဩမှင်သက်ကုန်သည်။

ရှန်ရန်ရှင်းသည်လည်း နောက်မှ လျင်လျင်မြန်မြန်ပင်တိုက်ခိုက်လာသည်။ ညအမှောင်ကြီးထဲ လူမိုက်အုပ်လိုက်ကြီးနဲ့ တစ်ယောက် လုံးထွေးသက်ပုတ်ကြပြီးဆိုလျှင် လျင်မြန်မှုက အလွန်အရေးကြီးသည်။ အခြားသူများအား လျစ်လျူရှုလိုက်ပြီး သူထိုးကြိတ်ကန်ကျောက်ထားသည့် ထိုလူမိုက်အား စတင်တိုက်ခိုက်လေသည်။ အဆိုပါလူက ပြန်ထလုဆဲဆဲအခြေနေ၌ပင် ရှန်ရန်ရှင်းသည် ထိုသူအား တရစပ် ထိုးနှပ်လိုက်ပြန်သည်။

ထိုသူက ပြန်မတိုက်ခိုက်နိုင်ခြင်းမရှိသည့် အခြေနေကိုရောက်သောအခါတွင်မှ ရှန်ရီရှင်းသည် တစ်ခြားတစ်ဦးအား ပြောင်းတိုက်ခိုက်လေတော့သည်။ သူသည် တခြားလမ်းသရဲတစ်ကောင်၏လက်အား ကျောနောက်တွင် ချုပ်ထားလိုက်ပြီး ခေါင်းအား မြေကြီးနှင့်ပြင်းထန်စွာ တိုက်ဆောင့်လိုက်သည်။ ထိုသူအား စိုက်ကြည့်လိုက်ကာ ခနဲ့တဲတဲပြုံးလိုက်ပြီး "မင်းကငါ့ဖုန်းကို ကြိုက်တယ်ပေါ့ ဟုတ်လား"

" Mm mm mm-" ထိုသူ၏ခေါင်းသည် လမ်းပေါ်ရှိ ရွံဗွတ်များထဲသို့ပင် နှစ်ဝင်နေပြီဖြစ်ပြီး ပြန်လည်တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်တော့ပေ။ အော်ဟစ်ညည်းညူပြီး လွတ်မြောက်လိုလွတ်မြောက်ညား ရုန်းကန်နေရန်သာ တတ်နိုင်တော့သည်။

လမ်းပေါ်၌ အခင်းကျောက်ပြားများ ခင်းထားသော်လည်း ကျောက်ပြားတစ်ခုနှင့်တစ်ခုက ကွာဝေးလွန်းလှသည်။ ထို့အပြင် မိုးကလည်းရွာထားသောကြောင့် အဆိုပါလမ်းမှာ ရွံဗွတ်ရေများဖြင့် ပြည့်လျက်ရှိသည်။ ထိုလူမှာ အဖိခံထားရသောကြောင့် ရွံဗွတ်ရေတစ်ချို့ပင် မြိုချမိလေသည်။ သေချာပေါက် အချို့ရွံရေများသည်လည်း ရှန်ရန်ရှင်းအား လာရောက်စင်ကုန်သည်။

Embers(余烬)(မြန်မာဘာသာပြန်)Dove le storie prendono vita. Scoprilo ora