5 ( U )

837 95 16
                                    

"စမယ် ၁ ၂ ၃"

"ဟုတ်ပြီ။ ဆက်ရိုက်ထား။ မလျှော့နဲ့ ကောင်လေး ဆက်ထိန်းထား"

အားကစားရုံအပေါ်ဆုံးထပ်၌ ရပ်ရင်း Mr. Turner လူသစ်တွေကို ရပ်ကြည့်နေမိသည်။ ဒီနှစ် ပြည်နယ်ပဏာမလက်ရွေးစင်တွေက အားလုံးကောင်းနေ၏။ ပွဲကျပ်ဖြစ်၍ ပင်ပန်းကြမည်ဖြစ်သော်လည်း အရည်အချင်းရှိသူကို သူသေချာရွေးချယ်နိုင်လိမ့်မည်။

နိုင်ငံကိုယ်စားပြုနည်းပြတစ်ယောက်ဖြစ်သော Mr. Turner ဟာလည်း တစ်ခေတ်တစ်ခါတုန်းက ရွှေကြယ်ပွင့် အားကစား‌သမားတစ်‌ယောက်ဖြစ်ခဲ့ဖူး၏။ ကွင်းထဲမှ အနားယူခဲ့တာကြာပြီဖြစ်သော်လည်း ဤလောက၌ အချိန်ကြာမြင့်စွာ ကျင်လည်နေခဲ့မှုကြောင့် လူတော်ဆိုလျှင် သူကတန်းသိသည်။ သူထောက်ခံသည့်လူဆိုလျှင် နိုင်ငံတကာ၌ ‌သေချာပေါက်ကျော်ကြားမည့်သူဖြစ်၏။ စည်းကမ်းကြီးသလို အသင်အပြကောင်းမှုကြောင့် တင်းနစ်လောက၌ သူ့ကိုမသိသူ၊ အရေးတယူမရှိသူဟူသည် မရှိ။ အရင်ကတော့ လူဟောင်းများနှင့် အလုပ်များနေခဲ့သော်လည်း ခုရက်ပိုင်း အနားယူသူ၊ ဒဏ်ရာရသူများ ပေါများနေ၍ လူသစ်ရှာရန် ပြည်နယ်အဆင့်အထိ ဆင်းလာခဲ့ခြင်းဖြစ်၏။

"ဆရာ ရောက်နေပြီလား။ ကောင်လေးတွေကို အောက်ဆင်းကြည့်မလား ဆရာ"

လှေကားထစ်ကို နင်းတက်လာ‌သည့် ပွဲစီစဉ်သူတစ်ဖြစ်လဲ ပြည်နယ်နည်းပြက သူ့ကိုမြင်တော့ ခပ်မြန်မြန် လျှောက်လာသည်။

"ရတယ် ငါဒီအပေါ်ကနေ လေ့လာနေတာ။ မင်းကိုမေးရဦးမယ်။ ဟိုး မြက်ခင်းအစပ်မှာ ရပ်နေတဲ့တစ်ယောက်က ဘယ်ကလဲ"

လက်ထောက်က မျက်မှန်ကိုပင့်ရင်းမှ သူပြသောနေရာကို လှမ်းကြည့်သည်။ ပြီးနောက် စာအုပ်ထဲ၌ နာမည်ရှာနေ၏။

"A မြို့က အထက်တန်းကျောင်းသားလေး ဆရာ။ နာမည်က Polaris တဲ့"

"POLARIS!"

"ဟုတ်ကဲ့"

"နာမည်ကတော့ အားအင်အပြည့်ပါလား။ အင်းလေ ဘာမှမဖြစ်ခင်ကတည်းက သူ့မှာအရောင်အဝါတွေ ထွန်းလင်းနေတာကိုး။ မင်းမြင်ရလား သူ့ဘေးနားမှာ မီးပန်းတွေ ဖောက်သလိုမျိုး လင်းထွက်နေတာ"

Your Popularity is My Calamity { Completed }Where stories live. Discover now