"တံခါးခေါက်လိုက်လေ"
"နင်ခေါက်ပါလား။ အစ်ကိုက အိပ်ပျော်နေတာဆို ဘယ်လိုလုပ်မလဲ"
"နေမကောင်းလို့ ဆေးတိုက်ရအောင် လာတာလေ။ သွား ခေါက်လိုက်"
"နင်သွားဟာ"
တိုးတိုးကြိတ်ကြိတ်အသံများကြောင့် အိပ်ပျော်နေရာမှ ဆစ်ခေါင်လန့်နိုးလာသည်။ ဖျားနေသည်မဟုတ်သော်လည်း မျက်ခမ်းများက အနည်းငယ်စပ်နေပြီး နုံးချိချိလည်း ဖြစ်နေသဖြင့် မှိန်းနေမိခြင်းဖြစ်၏။
"ဒေါက်... ဒေါက်..."
"ကိုခေါင် အိပ်ရာနိုးပြီလားဟင်။ ဆေးသောက်ရအောင်"
လေးကန်ကန်ဖြင့် အခန်းတံခါးကို ထဖွင့်ပေးလိုက်လျှင် စိုးရိမ်နေသောမျက်နှာများနှင့် စောင့်နေကြသူနှစ်ယောက်ကို မြင်လိုက်ရ၏။
"အစ်ကို ဘာမှမဖြစ်ပါဘူး။ နည်းနည်းပင်ပန်းလို့ အိပ်နေတာ"
"မေမေက ကြက်သားစွပ်ပြုတ်လုပ်ပေးထားတယ် ကိုခေါင်။ သောက်လိုက်ပါဦး"
ပန်းကန်လုံးထည့်ထားသည့် ဗန်းကို ပြောင်းယူလိုက်သော်လည်း နှစ်ယောက်က ပြန်မည့်ပုံမရ။ သူ့ငါတိုး၊ ငါ့သူတိုးဖြင့် အခန်းထဲသို့ မသိမသာရော၊ သိသိသာသာပါ ၀င်လာကြသည်။
"စားပါ ထိုင်စောင့်ပေးမယ်လေ ဟီး"
တစ်ခုခုရှိနေမှန်း သိသော်လည်း ခေါင်မတွေးချင်တော့။ ဗိုက်ဆာနေသဖြင့် ကြက်သားစွပ်ပြုတ်ကိုသာ ခပ်သောက်လိုက်သည်။
"ဟိုလေ ကိုခေါင်ဘာလို့ ရက်ကက်ကို မယူတာလဲဟင်"
ခေါင်မော့ကြည့်လိုက်လျှင် အငယ်ကောင်က တံတောင်ဖြင့်တွတ်နေသည်ကို မြင်လိုက်ရသည်။
"ဒီအတိုင်းပါပဲ။ တင်းနစ်ကို အစထဲက သိပ်သဘောမကျလို့။ ဒါကြောင့် တခြားသဘောကျတဲ့သူတွေ ယူပါစေဆိုပြီး ထားလိုက်တာ"
"ကိုခေါင်ကလည်း မလိုချင်တောင် ယူလာတာမဟုတ်ဘူး။ ညီမတို့က အဲ့တာလေး လိုချင်နေတဲ့ဟာ"
မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်၍ ဆိုနေကြပုံမှာ မသိလျှင် သနားစဖွယ်။ တကယ်လည်း နှမြောနေကြပုံရပါ၏။
![](https://img.wattpad.com/cover/284886736-288-k410051.jpg)
VOCÊ ESTÁ LENDO
Your Popularity is My Calamity { Completed }
Contoမြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11/ 2021 End Date - 3/ 12/ 2021