9 ( U )

814 96 39
                                    

"ကိုကိုရယ် လိုက်ဖို့ပြင် စိတ်ကရွယ်၊ ကိုကိုကိုယ်တိုင် မခေါ်သေးတော့ ခက်လှတယ်"

သီချင်းတညည်းညည်းဖြင့် အလှဆုံးဂါ၀န်လေးအား ရွေးနေသူက အမြွာထဲမှ အကြီးမပင်။ သတင်းကြားပြီးကတည်းက အရမ်းကိုတက်ကြွနေ၏။

"ဘယ်သူမှလည်း နင့်ကိုခေါ်မနေဘူး။ စိတ်ကူးယဉ်မနေနဲ့"

ဆံပင်ကို ကျော့နေအောင်သရင်း ပြောလိုက်သည့် မောင်ဖြစ်သူကြောင့် မျက်စောင်းလှည့်ထိုးလိုက်မိသည်။

"ဟမ့် ဘယ်သူပြောလဲ။ ငါ့ကို သူမြင်အောင်ကို လုပ်ဦးမှာ။ အနားအထိ သွားပြီး အစ်ကိုက ညီမရဲ့ Idol ပါ။ ညီမအိမ်ရဲ့အခန်းထဲမှာ အစ်ကို့ပုံတွေမှ အများကြီးပဲ။ အစ်ကို့ရဲ့ပွဲတိုင်းလည်း ညီမနေ့တိုင်းစောင့်ကြည့်တာ။ ဖန်စစ်စစ်လေးကို ဓာတ်ပုံတွဲရိုက်ခွင့်ပေးပါလို့ကို ငါကပြောဦးမှာ"

ဘီးကုပ်လေးကို ခေါင်းပေါ်တပ်ရင်း အားကျမခံ ပြန်ပြောလိုက်သည်။ ထိုအခါ မောင်ဖြစ်သူက ပုခုံးတွန့်ရင်း ဖြေသည်။

"နင့်လိုလူတွေဖြင့် အများကြီး။ လူတိုင်းက အဲ့လိုပဲဟာ"

"ငါ့လိုလှပြီး တင်းနစ်ရိုက်တတ်တဲ့ ကောင်မလေးကတော့ တစ်ယောက်ထဲပဲ ရှိတယ်"

"သူက Switzerland မှာနေတာ။ နင့်ထက်လှတာတွေ အများကြီးမြင်ဖူးနေကျပဲ ဘာထူးဆန်းလို့။ ပြီးတော့ သူ့ကိုယ်သူများ လှတယ်တဲ့။ မှန်း နင့်အခန်းထဲက မှန်။ ဘယ်ရောက်သွားလဲ"

"ကောင်စုတ် နင်ဘာဖြစ်နေတာလဲ။ သူများအပျော်ကို လာဖျက်ဆီးနေတယ်"

"ငါကမှန်တာပြောတာ"

ခပ်ချဉ်ချဉ်ဖြင့် အောက်ထပ်မှ အမေဖြစ်သူအား အော်ခေါ်မိတော့၏။

"မေမေ... မေမေရေ"

"ဟေ"

"မေမေ့သားကို ကြည့်ပြောဦး။ သမီးရိုက်ထုတ်လိုက်မှာနော်"

"မကြောက်ပါ။ မကြောက်ရေးချ မကြောက်ပါ"

"အေးပါ တွေ့မယ် တွေ့မယ်"

"အား... မေမေရေ။ ဟောဒီမှာ ဟောဒီမှာဗျို့"

ရက်ကက်ကို ကိုင်၍ လိုက်ရိုက်နေသူနှင့် ခေါင်းကိုအုပ်ပြီးထွက်ပြေးနေသူ၏ အသံများက အပေါ်ထပ်မှသည် တဖြည်းဖြည်း လှေကားပေါ်သို့ ရောက်လာသည်။ နောက် အောက်ထပ်ရှိ အခန်းများအတွင်း ပြေးလွှားနေတော့၏။

Your Popularity is My Calamity { Completed }Where stories live. Discover now