တစ်ခါကခရမ်းရောင်မျက်ဝန်းတစ်စုံကြောင့်လူ့အသိုင်းအဝိုင်းကကန့်သတ်ခံထားရတဲ့မင်းသား တစ်ယောက်ရှိခဲ့ တယ်။နိုင်ငံတလျားမှာသွေးဆာအေးစက်တဲ့မင်းသားရယ်လို့နာမည်ကျော်ကြားပြီးအားလုံးကသူကိုကြောက်ရွံ့စက် ဆုပ်ကြတယ်။
တစ်ခါကအမေဆုံးတာကိုသူမကြောင့်လို့အပြစ်တင်ပြီး အဖေအရင်းရဲ့ပစ်ပယ်ခံထားရတဲ့မိန်းကလေး တစ်ယောက်ရှိခဲ့တယ်။သူမကရုပ်ရည်ပျက်စီးနေပြီးသနားဖို့ကောင်းစွာ အားနည်းတဲ့သခင်မလေး တစ်ယောက်လို့လူအများကသိ ကြတယ်။
အမှန်တော့သူ့မှာဒီကမ္ဘာပေါ်မှာအလှဆုံးမျက်လုံးတစ်စုံ၊ ကြောက်စရာအကောင်းဆုံးနောက်ခံ၊ ဆွဲဆောင်မှုအရှိဆုံး အင်အားရှိတယ်။တကယ်တော့သူမမှာတုနှိုင်းမဲ့အလှ၊သွားထိလို့မရတဲ့နောက်ခံအင်အားနဲ့နတ်ဆေးပညာကိုတက် ကျွမ်းထားတယ်။
သူမ..လီယောင်နင်က စိမ်ကားအေးစက်သောနှလုံးသား ရှိတဲ့ကောင်းကင်တမန်ပျို တစ်ယောက်လိုအသွင်အပြင် အောက်မှာစုတ်ပြတ်ဒဏ်ရာရနေသောနှလုံးသားရှိသည်။
ရက်စက်တဲ့မိန်းကလေးနဲ့ကြောက်စရာအကောင်းဆုံးလူ သားတို့ဆုံလာချိန်မှာ..ဘယ်သူအချစ်တက်ဆုံးဖြစ်မယ် ထင်လဲ..?
ဖြစ်စဉ် (၁):
"ဝမ်ရယ်..ရှင်ဘာလိုချင်လဲ?"
နိုင်ငံတွေမြို့တွေကိုတောင် စစ်ဖြစ်စေလောက်အောင် လှတဲ့မိန်းကလေးကဒေါသနဲ့အံကြိတ်ရင်းမေးလိုက်သည်။
"ကိုယ့်ဝမ်ဖေးဖြစ်ပေးပါ.." အေးစက်တဲ့မျက်နှာနဲ့ပေမယ့် နားရွက်ဖျားတွေနီရဲနေတဲ့လူကပြန်ဖြေလိုက်တယ်။
"ကျွန်မငြင်းတယ်!" မိန်းကလေးကနောက်ကိုတစ်ချက် မကြည့်ဘဲအကြောက်ရွံ့ကင်းစွာဖြေလိုက်သည်။
ထိုလူကချက်ခြင်းထွက်သွားဖို့ပြင်နေတဲ့မိန်းကလေးလက်ကိုဆွဲကာနှုတ်ခမ်းမှာအနမ်းဖွဖွချွေရင်းဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်.. "ဒါပေမယ့်..မင်းကကိုယ့်အပိုင်လေ!"
ဖြစ်စဉ် (၂)
လက်မှာသွေးတွေပေနေတဲ့မိန်းကလေးကသူ့ရှေ့ကလူကို ကြည့်ရင်းပြောလိုက်သည်။
YOU ARE READING
Reborn Spoiled Ming Wangfei
General Fiction*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...