Chapter 24

420 56 1
                                    

ကြီးမားခန့်ထည်တဲ့ကျန်းမြို့တော်ရဲ့ဂိတ်ဝမှာ စစ်သား တွေ ပြန်လာတာကို ကြိုဆိုဖို့လာသူတွေနဲ့စည်ကားနေ သည်။လူအုပ်ကြီးကဆယ်မိုင်ရှည်လျားသော လမ်းများ ပေါ်တွင်အပြည့်ဖြစ်နေပြီးရှည်လျားသော နဂါးကြီးကဲ့သို့ ဖြစ်နေသည်။အားလုံးလက်တွေမြှောက်ထားတာ..ရောင်စုံ တိမ်တွေလိုထင်ရသည်။

"သူတို့လာပီ..သူတို့လာပီ..." လူတွေကဆူဆူညံညံဖြစ် သွားသည်။စစ်သားတွေ မြို့ထဲကို ဝင်လာတာကိုမြင်တော့ အားလုံးက ဆူညံသွားသည်။

ဒါတောင်မြို့တော်ထဲဝင်လာတဲ့အဖွဲ့ကအထူးရာထူးကြီး အဖွဲ့တွေသာဖြစ်သည်။ကျန်တဲ့တပ်သားတွေအကုန်က မြို့ပြင်မှာတပ်စွဲထားသည်။ဒါပေမယ့်ဒီတပ်စိတ်သေးသေး တစ်ခုကပဲပြည်သူတွေကိုအံ့သြထိတ်လန့်စေနေပြီ။

ရှေ့ဆုံးတွင် မင်ဝမ်– ဖန်ယိရွှမ်း၊ စစ်သူကြီးလီ – လီကျန် ကျွင်းနှင့် စစ်ရေးလက်ထောက်ဗိုလ်- လီမိုရှန်တို့ မြင်းကြီး သုံးကောင်ရှိသည်။ နောက်မှာ အမျိုးမျိုးသော စစ်သည် တွေနဲ့ စစ်ဗိုလ်တွေရှိတယ်။

ဖန်ယိရွှမ်းကအနက်ရောင်မျက်နှာဖုံးစွပ်ထားပီးသူ့မျက်နှာ ကိုဖုံးကွယ်ထားသည်။ဒါပေမယ့်ပြင်းထန်လွန်းတဲ့အရှိန်အ ဝါကအားလုံးကိုထိတ်လန့်စေကာဆူညံသံတွေသူဖြတ် သွားတာနဲ့တိတ်ဆိတ်သွားသည်။ ဘယ်သူမှမင်ဝမ်ကို တိုက်ရိုက်ကြည့်ရဲတဲ့သူမရှိဘူး။

"ဟေး..မင်ဝမ်မျက်လုံးကနတ်ဆိုးလိုပဲဆိုအဲဒါအမှန်လား?" လူတစ်ယောက်ကမျက်နှာဖုံးနဲ့ဖန်ယိရွှမ်းကိုဝေးဝေးကနေ ကြည့်ရင်းတိုးတိုးမေးလိုက်သည်။

"ဒါပေါ့..င့ါမှာနန်းတော်မှာအစောင့်လုပ်ဘူးတဲ့ဝမ်းကွဲအချို့ ရှိတယ်..သူတို့ကမင်ဝမ်ငယ်ငယ်ကမြင်ဘူးတယ်။မင်ဝမ် မျက်လုံးကမွေးထဲကအဲလိုမွေးလာတာ..ဒါပေမယ့်သူ့ အသက်၅နှစ်မှာပုံမှန်ပြန်ဖြစ်သွားတယ်တဲ့" နောက်တစ် ယောက်ကတီးတိုးပြန်ဖြေလိုက်သည်။

"ငါကြားတာတော့မင်ဝမ်ကမိန်းကလေးတွေကိုအနားကပ် မခံဘူးဆို..သူ့အိမ်တော်မှာအစေခံမိန်းကလေးမရှိဘူးပေါ့"

"ဘယ်သူကမင်ဝမ်နားကပ်ရဲမှာလဲ? ကျန်းမြို့တော်က ဘယ်သူက..မင်ဝမ်ဘယ်လောက်ရက်စက်လဲနဲ့မိန်းက လေးတွေပေါ်ဘယ်လိုသဘောထားလဲမသိတဲ့လူရှိလို့ လား?"

Reborn Spoiled Ming WangfeiWhere stories live. Discover now