လီယောင်ယွန်နင်ကသူမနားကအရာတွေကိုထပ်ပြီးလေ့ လာလိုက်သည်။ သူမရှေ့ကစားပွဲကိုစန္ဒကူးသစ်သားနဲ့ ထွင်းထုထားပြီးပုံစံအမျိုးမျိုးဖြင့်သေသေချာချာထွင်းထု ထားပြီးနူးညံ့သိမ်မွေ့မှုကိုခံစားရစေသည်။ပြတင်းပေါက်ကကြည့်လျှင်စွဲမက်ဖွယ်ရှုခင်းများ၊တောင်တန်းများ၊ ရေ ကန်ငယ်တစ်ခု၊ စိမ်းပြာကြာပန်းများနှင့်ပန်းရောင်ရေကြာ ပန်းတို့ကိုမြင်နိုင်သည်။
ခြေသံတွေကတိုးဖျော့ကာ..ဆွေးနွေးပြောဆိုမှုတွေကခပ် တိုးတိုးဖြစ်နေပေမယ့်တစ်ချက်တစ်ချက်တော့ကြားနေရ သည်။သိပ်မကြာခင်ကအခန်းထဲဝင်လာတဲ့လူတွေပြောနေ တာဖြစ်နိုင်သည်။
လီယောင်ယွန်နင်သိတယ်..သူမသေခဲ့ပြီးပြီ..အိမ်ကိုသူမ ကိုယ်တိုင်ဖောက်ခွဲခဲ့တာ။အဲဒိ့အချိန်ကဘာမှမခံစားရပေ မယ့်သူမှနှလုံးသားကစူးရှနာကျင်မှုကတော့မပျောက်ပျက် စွာအခုထိခံစားနေရသည်။ရုတ်တရက်သူမခေါင်းထဲမှာ မှတ်ဉာဏ်အပိုင်းအစများတိုးဝင်လာပီးသူမကိုခေါင်းကိုက် စေသည်။ထိုအရာတွေကသူမနဲ့စိမ်းသက်နေသည်။
အိပ်ယာပေါ်မှာဘောလုံးလိုကွေးလိုက်ရင်းဘယ်ကမှန်းမသိတဲ့ပုံရိပ်တွေခေါင်းထဲအဆက်မပြတ်တိုးဝင်လာတာကို လက်ခံနေရသည်။
လီယောင်ယွန်နင်ခေါင်းတစ်ခုလုံးချွေးတွေရွှဲနစ်နေသည်။ အခုလက်ရှိသူမရထားတဲ့ခန္ဓာကိုယ်ရဲ့နာမည်ကလီယောင်နင်ဖြစ်ပြီးသူမနာမည်နဲ့အတော်တူသည်။ဒါက..အရင်က ဘဝများလား..?
လီယောင်နင်..ဖန်နိုင်ငံရဲ့စစ်သူကြီးလီရဲ့တရားဝင်သမီးနဲ့ အငယ်ဆုံးကလေး။ လီယောင်နင်အဖေကလီကျန်ကျွင်း ဖြစ်ပြီးဖန်နိုင်ငံရဲ့ဧကရာဇ်ကိုယ်တိုင်ကိုးစားယုံကြည်ရတဲ့ စစ်သူကြီးဖြစ်သည်။ဖန်နိုင်ငံမှာလီအိမ်တော်ကလူသိများ ထင်ရှားသည်။
လီကျန်ကျွင်းအကြောင်းမှတ်မိသလောက်ဆိုရင်ထိုလူက အချစ်နာကျနေတဲ့လူဖြစ်သည်။လီယောင်နင်ရဲ့အမေကဟန်ရှောင်းရန်လို့ခေါ်ပြီးသူမကဖန်နိုင်ငံရဲ့အလှပဂေးလို့ထင်ရှားခဲ့သည်။သူမက..တော်ဝင်ကျောင်းတော်ကျောင်း အုပ်ကြီးဟန်ရဲ့သမီးဖြစ်သည်။သူတို့ကငယ်ကျွမ်းဆွေ တွေဖြစ်သည်။

YOU ARE READING
Reborn Spoiled Ming Wangfei
Ficción General*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...