ဝူချင်တည်းခိုခန်းတတိယထပ်..လီယောင်နင်ကကြာမွှေး ကိုထုတ်ယူလိုက်သည်။ ကြည်လင်ပြတ်သားသော ကြာ ပန်းပွင့်ကို ကြည့်ပြီး သူမ နှလုံးသားက သက်ပြင်းချလိုက် သည်။အဆိပ်ကိုယာယီထိန်းထားနိုင်တာမို့..အနည်းဆုံး တော့လောလောဆယ်တော့ သေမှာမဟုတ်ဘူး။
"သခင်မလေး..ဒီကြာမွှေးနဲ့ဆို..သခင်မလေးရဲ့အဆိပ်ကို ကုနိုင်ပီလား?" လန်ဝူကလှပတဲ့ကြာပန်းကိုကြည့်ရင်း.. သခင်မလေးစိတ်လှုပ်ရှားပူပန်စွာမေးလိုက်သည်။
"ဒါက အဆိပ်အတောက်တွေကို ယာယီပဲ ထိန်းထားနိုင် တယ်၊ ဒီလောက်ပါပဲ" လီယောင်နင်ကသူမလက်ထဲမှာ မွှေးကြိုင်နေတဲ့ ကြာပန်းကို လေ့လာကြည့်နေသည်။
ကျန်လေးယောက်ကသူမစကားကြားတော့ဝမ်းနည်းပူပန် မှုတွေမျက်ဝန်းထဲမှာဖုံးဖိမရဖြစ်သွားသည်။လစဉ်လတိုင်း သခင်မလေးကအဆိပ်ဒဏ်ကိုသေလောက်အောင်လူးလဲ ခံရတာသူတို့တွေ့တယ်။သူတို့စိုးရိမ်တယ်။ သခင်မလေး နှစ်ပေါင်းများစွာဘယ်လိုသည်းခံခဲ့ရမလဲ?သခင်မလေးက သူတို့အသက်ကိုကယ်ပေးခဲ့တယ်။နေဖို့အိမ်ပေးခဲ့တယ်။ သူတို့ကတော့.. သခင်မလေးအဆိပ်ထနေချိန်တွေမှာ ဘာဆိုဘာမှမကူညီနိုင်ခဲ့ဘူး။
"စိတ်မပူပါနဲ့..ကောင်းကင်အလိုအတိုင်းပေါ့..ကျွန်မ လွယ်လွယ်တော့မသေပါဘူး.."
လီယောင်နင်ကသူမအဖွဲ့ကလူတွေကိုကြည့်ပီးသူတို့ဘာ တွေးနေလဲမသိဘဲဘယ်နေပါ့မလဲ? သူတို့အားလုံးကအ ရမ်းစွမ်းအားမကြီးရင်တောင်သစ္စာရှိကြသည်။ဒ့ါကြောင့် ဒီလူတွေကသူနှလုံးသားမှာနေရာတစ်ခုရှိသည်။ ဤကမ္ဘာ တွင်ငါးနှစ်ကြာနေခဲ့ပြီး၊ သူမကို ပြုစုစောင့်ရှောက်တဲ့သူ လူဦးရေသည် ပို၍ပို၍တိုးလာတယ်။သူမနားမှာတွယ်တာ ရမယ်လူတွေရှိလာတယ်...ဒါကကောင်းတာလား..ကျိန်စာ လာသူမလဲမသိတော့ဘူး။
"အိုကေ..ကျွန်မဆေးကိစ္စလုပ်ဖို့ရှိတယ်..အားလုံးတံခါး မှာစောင့်ကြည့်ပေးပါ..ဘယ်သူ့ကိုမဝင်ပါစေနဲ့"
လီယောင်နင်ကတည်ငြိမ်စွာပြောလိုက်သည်။ကြာပန်းက ရနံ့ကိုစုပ်ယူဖို့ကအန္တရာယ်ကြီးတဲ့လုပ်ရပ်ဖြစ်သည်..အခု သူမဒါကိုယူပြီးဆေးတောင်ကြားပြန်ဖို့အချိန်မရှိတော့ဘူး သူမကိုယ်တိုင်လုပ်မှသာရတော့မယ်။

YOU ARE READING
Reborn Spoiled Ming Wangfei
Ficción General*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...