ဖန်ယိရွှမ်းကသူ့ဆီလျှောက်လာတဲ့ကောင်မလေးကိုတစ် ချက်ကြည့်လိုက်သည်...သူမကဆယ်နှစ်လောက်ပဲရှိသေး ပုံပေါ်ပြီးမျက်နှာတစ်ဝက်ကိုဖုံးကာထားတာမိုမမြင်ရပေ မယ့်ကောင်းကင်ဆန်တဲ့ဖြူစင်တည်ငြိမ်တဲ့မျက်ဝန်းတွေ ကိုတွေ့နိုင်သည်။
ထိုမိန်းကလေးပေါ်လာတဲ့အချိန်မှာဖန်ယိရွှမ်းကမ္ဘာကြီးက မှောင်မည်းသွားသလိုခံစားလိုက်ရသည်။သူမဖြတ်သန်း လာတဲ့လမ်းမှာပန်းပွင့်လေးတွေကရှက်ပြီးပွင့်ဖတ်လေး တွေကိုလှုပ်ခတ်နှုတ်ဆက်လိုက်သလိုသူမကတည်ငြိမ် အေးချမ်းတဲ့အသွင်ကိုဆောင်ယူလာသည်။အနုစိတ်အနှိုင်း မဲ့လက်ရာတစ်ခုလိုပဲ။တင့်တယ်လှပလွန်းတဲ့လှုပ်ရှားဟန် တွေကဖန်ယိရွှမ်းကမျက်စိမလွှဲနိုင်အောင်ဖြစ်စေခဲ့သည်။
ဖန်ယိရွှမ်းသူ့ကိုယ်သူထူးဆန်းနေသလိုခံစားရသည်။သူ့ ရဲ့ညံ့ဖျင်းတဲ့လူမှုဆက်ဆံရေးကြောင့်..မိန်းကလေးငယ် တွေမဆိုထားနဲ့ကလေးတွေတောင်သူ့နားကိုမလာရဲကြ ဘူး။ဒါပေမယ့် အခုတော့ တောထဲမှာ ထူးဆန်းတဲ့ ကလေး မလေးတစ်ယောက် ပေါ်လာပြီးသူမမှာသူ့ပေါ်ကိုကြောက် နေတာမျိုးမမြင်ရဘူး။သူမမျက်လုံးတစ်စုံက ဖြူစင်လွန်း သောကြောင့် ဖြစ်နိုင်သည်။
ဖန်ယိရွှမ်းကလီယောင်နင်ကို ကြည့်နေရင်းရုတ်တရက် သူ့မျက်လုံးတွေကခရမ်းရောင်ပြန်ဖြစ်နေတာကို သတိရ လိုက်တယ်။ဒီလောကမှာတစ်စုံတစ်ယောက်ကသူ့မျက်လုံးအရောင်ကိုတွေ့တာနဲ့သတ်ခြင်းကို ခံရလိမ့်မည်။ ဒါပေမယ့် ဒီကလေးမလေးက သူ့မျက်လုံးအရောင်နဲ့ ပတ်သတ်ပြီးထိတ်လန့်ကြောက်ရွံ့မှုမပြဘူး။ တစ်စုံတစ် ယောက်ကသူ့မျက်လုံးများကို သာမာန်အမူအရာဖြင့် ပထမဆုံးအကြိမ် ကြည့်နေခြင်းဖြစ်သည်။
လီယောင်နင်မြေကြီးပေါ်ကလူကိုကြည့်လိုက်သည်..ထိုလူမှာအရှိန်အဝါကြီးတာကိုသူမခံစားမိသည်။သူကအသက် ၁၆/၁၇လောက်ပဲရှိနိုင်သေးပြီးအရပ်က ၆ပေလောက်ရှိ သည်။သူကတန်ဖိုးကြီးဝတ်စုံများကိုဝတ်ဆင်ထားပီး ကျောက်စိမ်းလိုအသွင်သဏ္ဍန်ရှိသည်။
အနက်ရောင်ဆံပင်ရှည်၊ချောမောပေမယ့်ဓါးလိုအေးစက် ထက်ရှတဲ့မျက်နှာထားရှိသည်။ထူထဲနက်မှောင်တဲ့မျက် ခုံးတွေအောက်မှာအေးစက်ပြီးအရှိန်အဝါပါတဲ့ခရမ်းရောင် မျက်ဝန်းတစ်စုံရှိသည်။နှာတံကမြင့်မားဖြောင့်စင်းပီးနှုတ် ခမ်းကပန်းရောင်သန်းကာပိရိသေသပ်သည်။နေရောင် အောက်မှာထိုလူကအပြစ်ရှိစွာချောမောနေသည်။
YOU ARE READING
Reborn Spoiled Ming Wangfei
General Fiction*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...