Chapter 13

419 51 0
                                    

လီယောင်နင်ကနားရင်းသွားရင်းကနောက်ဆုံးဆေးပညာ တောင်ကြားနဲ့အနီးဆုံး ဆည်းဆာမြို့ကိုရောက်ရှိခဲ့သည်

လမ်းဘေးနှစ်ဘက်တွင် ဈေးဆိုင်များစွာရှိသည်။ နေဝင် ချိန်တောက်ပတဲ့အလင်းရောင်ကအနီ၊အစိမ်း၊အဝါ၊အပြာ တောက်ပသောရောင်စုံအပြင်အဆင်များနဲ့ ဆည်းဆာမြို့

ကိုပိုပြီးကဗျာဆန်ကာလှပစေသည်။ဒါလီယောင်နင် ရှေး ခတ်ကမြို့တစ်ခုကိုပထမဆုံးမြင်ဘူးတာပဲ။ ရှေးခေတ် တရုတ်နိုင်ငံဗိသုကာလက်ရာနှင့် ခပ်ဆင်ဆင်တူသည်၊ သို့သော်ကွာခြားချက်ကဒီကမ္ဘာပေါ်မှာသိုင်းဝတ္ထုများတွင်သာ မြင်တွေ့ရသည့်ကိုယ်ဖော့ပညာ၊အတွင်းအားလေ့ ကျင့်တာထူးဆန်းတဲ့သိုင်းပညာ၊ဆေးပညာတွေအမှန် တကယ်ရှိနေပါသည်။

လီယောင်နင်ကဒီလောကကိုလေ့လာပီးသူမကိုယ်သူမ အခြေခိုင်တဲ့နေရာတစ်ခုထိရောက်အောင်ကြိုးစားရမည်။ လီယောင်နင်ဆိုတာ၂၁ရာစုလိုနေရာမျိုးမှာတောင်..စီးပွါး ရေးကိုထိပ်တန်းထိဦးဆောင်ခဲ့တဲ့လူဖြစ်သည်။ဘယ်ခေတ် ဘယ်ကမ္ဘာပဲရောက်နေပါ..စွမ်းအားအကြီးဆုံးအရာကငွေပဲဖြစ်သည်။အဲဒိ့ငွေကိုသာသေချာရှာနိုင်ရင်သူမလိုချင်တာ တွေကိုတည်ဆောက်နိုင်လိမ့်မယ်။

ဒါပေမယ့်သူမမှာယုံကြည်ရတဲ့အဖွဲ့တစ်ခုလိုတယ်..ဒါတွေကအလျင်မလိုသေးဘူး..အခုမှသူမကဆယ်နှစ်ပဲရှိသေး တာဖြေးဖြေးချင်းသွားလဲနောက်မကျဘူး။

"သူ့ကိုရိုက်.."

"ခြေထောက်ချိုးလိုက်.."

"မကောင်းတဲ့ကောင်သေအောင်ရိုက်ပစ်"

လမ်းကြားတစ်ခုကိုဖြတ်တုန်းလီယောင်နင်ကရိုက်နှက်..ဆဲဆိုသံတွေကိုကြားလိုက်ရသည်။ လမ်းကြားနံရံပေါ်သို့ ခုန်တက်ပီး မြေပြင်ပေါ်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို လေ့လာလိုက်သည်။

အားလုံးကကလေးတွေ..အနဲဆုံးလီယောင်နင်မျက်လုံး မှာတော့သူတို့ကကလေးတွေဖြစ်သည်.. အသက် ၁၄ နှစ်မှ ၁၅ နှစ်အရွယ် သန်မာသော ယောက်ျားလေးများ သည် မြေပြင်ပေါ်မှာလဲကျနေသည့် ဆယ့်နှစ်နှစ်အရွယ် သာရှိသေးသော ကောင်လေးကို ကန်ကျောက်နေကြ သည်။ လီယောင်နင်ကလေးတွေဆဲဆိုသံကိုနားထောင် လိုက်သည်။

Reborn Spoiled Ming WangfeiWhere stories live. Discover now