Chapter 18

406 53 1
                                    

လူလေးယောက်ရှုပ်ထွေးနေပြီး..ဓါးသွားချင်းထိခတ်သံ တွေကပိုကျယ်လာသည်..အချိန်တစ်ခုမှာလီဖန်းကရှုံးနိမ့် ဖို့နီးစပ်လာသည်။

အန်းရိနဲ့အန်းအော့စိတ်လှုပ်ရှားမှုနဲ့ပြည့်နေသည်။သူတို့ ကထိပ်တန်းသိုင်းပညာရှင်မဟုတ်ပေမယ့် ကန်ဂျီရီနိုင်ငံ မှာတော့သူတို့သခင်ပြီးရင်ထိပ်တန်းအဆင့်မှာရှိသည်။ ဒါပေမယ့်အခုသူတို့နဲ့ရင်ဘောင်တန်းတိုက်နိုင်တဲ့လူကို တွေ့ရသည်။ဒီလိုအဆင့်တန်းနဲ့သက်တော်စောင့်ရှိတဲ့ မိန်းကလေးကိုသူတို့ကပိုစိတ်ဝင်စားလာသည်။

လီဖန်းနဲ့အန်းအော့ကဆက်တိုက်နေသည်။လီဖန်းရဲ့ဓါး ကရက်စက်စွာထက်ရှနေပြီးလူသတ်လိုစိတ်အပြည့်ပါဝင် နေသည်။ဒီကြာပန်းကသခင်မလေးအသက်နဲ့ဆိုင်တယ် သူမသေရရင်တောင်..ဒီကြာပန်းရမှဖြစ်မယ်။

အန်းအော့ကဘေးအနည်းငယ်စောင်းကာလီဖန်းကိုဘေးကိုကျော်တက်သွားစေပြီးဓါးကိုဗြောင်းပြန်ကိုင်ကာသူမကို ပြန်ထိုးလိုက်တော့ဓါးသွားကသူမနှလုံးသားနေရာကဦး တည်သွားသည်..ညအမှောင်မှာလက်တောက်သွားတဲ့ဓါး အရောင်ကိုမြင်လိုက်ပေမယ့် လီဖန်းကကြောက်တာမျိုး မရှိဘဲဆက်တိုက်ခိုက်ဖို့သာရှေ့တိုးခဲ့သည်.. လူ၃ထောင် ကိုမသတ်နိုင်ရင်တောင်..လူ၁၀၀ပဲဖြစ်ဖြစ်သူမသတ်နိုင် ဖို့လိုသည်။

လီယောင်နင်ကလီရမ်နဲ့လီဖန်းကိုအာရုံစိုက်ကြည့်နေ တာမို့လီဖန်းလှုပ်ရှားမှုကိုမြင်တော့သူမမျက်ဝန်းတွေက အရောင်ပြောင်းသွားသည်...အလင်းလိုလျင်မြန်မှုနဲ့သူမ က အန်းအော့နားရောက်လာပီးအဖြူရောင်ပိုးပိတ်စရှည် နဲ့အန်းအော့ကိုတိုက်ခိုက်လိုက်ပြီးအသက်တစ်ရှိုက်မှာပဲ အန်းအော့ကိုရိုက်နှက်မိတော့သည်။

အန်းရိကမိန်းကလေးရဲ့ပိုးပိတ်စကြောင့်အန်းအောရိုက်ခံ ရတာမြင်တော့..ရန်သူကိုအထင်မသေးရဲတော့ဘူး..သူ့ လက်တွေကလီရမ်ကိုပိုပြီးလျင်မြန်စွာတိုက်ခိုက်လာတော့ သည်။

လီဖန်းကသူမသေပြီလို့ထင်မှတ်ထားပေမယ့်သခင်မလေးကကယ်တင်ခဲ့သည်..ထိရှခံစားမိတဲ့စိတ်ကိုခဏထားပီး လီဖန်းကလီရမ်ဆီသွားပီးအန်းရိကိုအတူတိုက်ခိုက်လိုက်၏။လီယောင်နင်က အန်းရိကိုဂရုမစိုက်ဘဲကိုယ်ဖော့ပညာ နဲ့ကြာမွှေးဆီသွားလိုက်ကာသူမနဲ့သယ်နေကျရေခဲ ကျောက်စိမ်းသေတ္တာလေးထဲကိုထည့်လိုက်သည်။ပန်းရ ပြီးတာနဲ့လီယောင်နင်ကအေးစက်စက်ပြောလိုက်သည်။

Reborn Spoiled Ming WangfeiWhere stories live. Discover now