Chapter 25

452 58 4
                                    

"အဖိုး"ဆိုတဲ့ခေါ်သံနောက်မှာလူတွေအားလုံးအကြည့်က ထိုအသံရှင်ဆီကိုရောက်သွားသည်။အားလုံးရဲ့အဝေးမှာ ထိုင်နေတဲ့ဖန်ယိရွှမ်းတောင်ခေါင်းမော့ကြည့်လိုက်သည်။

အကြိမ်ကြိမ်ရှာဖွေပြီးနောက်မှာအလင်းပျော့နေတဲ့ကောင်း ကင်ကနေခြည်နုနုအချို့ပက်ဖျန်းနေတဲ့ဝင်ပေါက်တနေရာ မှာသူမကိုတွေ့လိုက်သည်။

အားလုံးအကြည့်က..အဖြူရောင်ပိုးသားဝတ်စုံဝတ်ထားတဲ့ နူးညံ့ဖြူစင်သန့်ရှင်းလွန်းတဲ့ပုံရိပ်ဆီကိုရောက်သွားသည်။ သူမရဲ့မျက်ဝန်းတွေကဖြူစင်နူးညံ့ကာပြုံးနေသလိုထင်ရ သည်။ကြည်လင်တောက်ပတဲ့မျက်ဝန်းတွေကအားလုံးကို အံ့သြဆွံ့စေသည်။အမတနတ်ပြည်ကအဖြူရောင်ကြာပန်း လို..မွှေးပျံ့အေးချမ်းမှုကိုခန်းမထဲကလူတွေအားလုံးကို ခံစားမိစေသည်။

"မင်း..." ပညာရှင်ဟန်ကတစ်ဘဝလုံးရဲ့ခံစားချက်တွေ ကိုဒီနေ့စုပြုံခံစားလိုက်ရသလိုခံစားနေရသည်။အခု..သူ့ နားကိုဖြေးညှင်းစွာလှမ်းလျှောက်လာတဲ့မိန်းကလေးကို ကြည့်ရင်းသူ့သမီးငယ်ငယ်တုန်းကပုံကိုပြန်မြင်မိသည်။

"မင်း..." လီကျန်ကျွင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာသော မိန်းကလေးကို ကြည့်လိုက်သောအခါ အံ့သြတုန်လှုပ်သွား ပြီးဒီမိန်းကလေးကမည်သူမည်ဝါဆိုတာတိတိကျကျ မသိသေးရင်တောင်သူ့နှလုံးသွေးတွေကတဖျစ်ဖျစ်မြည် နေသည်။

"မင်း..." လီမိုရှန်ကထိုမိန်းကလေးကိုသေချာကြည့်ပြီး တော့..ငယ်စဉ်ကသူ့နောက်တစ်ကောက်ကောက်လိုက် နေခဲ့တဲ့သူ့ညီမလေးနင်အာဆိုတာကိုမှတ်မိလိုက်သည်။

"မင်း..." အန်းရီရန်ကသရဲမြင်လိုက်ရသလိုမျက်လုံးပြူး သွားပြီးဘာပြောရမှန်းမသိဖြစ်သွားသည်။

"သ..သခင်" အန်းရိ ခန်းမထဲဖြေးညှင်းစွာဝင်လာတဲ့ မိန်း ကလေးကိုကြည့်ရင်းလန့်ဖျပ်သွားကာ သူ့သခင်ကိုကြည့် လိုက်သည်။သေချာတာပေါ့ သူ့သခင်က ကောင်မလေးကို နူးညံ့တဲ့အမူအရာနဲ့ ကြည့်နေတယ်။

အန်းအော့ကဘာမှမပြောနိုင်ဘဲဆွံ့အနေသည်။သူတို့ အရူးလိုရှာခဲ့တဲ့လူကသူတို့နှာခေါင်းအောက်မှာတင်ပဲ။ဒီ နှစ်တွေမှာလီမိုရှန်နေ့တိုင်းသူတို့နားထဲရိုက်ထည့်နေကျ နာမည်နဲ့မိန်းကလေး..ကမ္ဘာကြီးရေ..ဘာဖြစ်နေတာလဲ!

Reborn Spoiled Ming WangfeiWhere stories live. Discover now