"သခင်မလေး"
လီရမ်ကစာကြည့်ခန်းမှာထိုင်နေတဲ့ လီယောင်နင်ဆီကို သတင်းလာပို့သည်။
လီယောင်နင်ကဘေးမှာစာရင်းအချို့ကိုပုံထားရင်းပြော လိုက်သည်။ လန်ချူ ကလန်ဝူကသူမအတွက်သစ်သီးပန်း ကန်ပြင်ဆင်ပေးထားသည်။
"ထိုင်..ငါ့ကိုထပ်မပြောရစေနဲ့..နင်တို့ကင့ါငယ်သားတွေ မဟုတ်ဘူး..သူငယ်ချင်းတွေ..ငါတို့ကအဖွဲ့.." လီယောင်နင်ကတည်တင်းအေးစက်နေတဲ့လီရမ်ကို ကြည့်ပီးသက်ပြင်းချလိုက်သည်။ ဒီရှေးခတ်ကလူတွေက လူတန်းစားကိုအရမ်းကိုရှေ့တန်းတင်လွန်းသည်။လူ့တန် ဖိုးကနောက်ကပဲ။သူမအတွက်သစ္စာရှိဖို့ပဲလိုတာ..ကျိုးနွံ နေဖို့မဟုတ်ဘူး။နှစ်ပေါင်းများစွာအတူနေလာပီးတော့ သူမငယ်သားတွေကသူများငယ်သားတွေထက်မိမိကိုယ်ကိုယုံကြည်မှုနဲ့စွမ်းရည်ကောင်းပေမယ့်..အဲဒိ့အရိုးစွဲနေ တဲ့အဆင့်တန်းခွဲခြားမှုကိုမပြောင်းလဲနိုင်ကြဘူး။
လီရမ်သက်ပြင်းချလိုက်သည်။ သခင်မလေးကတကယ် စိတ်ထားကောင်းတဲ့လူတစ်ယောက်ပဲ။ငယ်သား တစ်ယောက်အနေနဲ့သူမစကားတွေကသူတို့နှလုံးသား ကိုထိရှစေသည်။သခင်မလေးအတွက်အသက်ထက်ဆုံး သစ္စာရှိဖို့သူတို့နှလုံးသားထဲကျိန်ဆိုမိတဲ့အထိဖြစ်စေ၏
လန်ဝူနဲ့လန်ချူကပြုံးလိုက်သည်။သူတို့သခင်မလေး နောက်ကိုစလိုက်တုန်းကသခင်မလေးကငယ်ပေမယ့် သူတို့အသက်သခင်..ပညာတွေသင်ပေးခဲ့တယ်။ဒါ့ ကြောင့်နှလုံးသားနဲ့သူမကိုစောင့်ရှောက်ခဲ့တယ်။ဒါပေ မယ့်..နှစ်တွေကြာလာတဲ့အခါ..ဘယ်လောက်သူတို့နှလုံး သားကသက်တောင့်သက်သာခံစားမိစေလဲဆိုရင်သူတို့ကသခင်မလေးရှေ့မှာသူတို့ပုံအစစ်အမှန်ကို ပြဝံ့တဲ့အထိ တစ်ယောက်ကိုတစ်ယောက်ယုံကြည်လာတယ်။
နောက်ပီးမိသားစုဝင်အချင်းချင်းလို..ဘာခွဲခြားမှုမှမရှိဘဲ တန်းတူခံစားခွင့်ရှိတယ်။သခင်မလေးရဲ့အတွေးခေါ်တွေ ကသူတို့ကိုထိတ်လန့်တုန်လှုပ်စေတယ်..နှလုံးသားတွေ ကိုနွေးစေတယ်။ သခင်မလေးနဲ့တွေ့ခွင့်ရတာကမ္ဘာမှာ အကောင်းဆုံးကံကောင်းမှုတစ်ခုပဲ။
လီယောင်နင် လီရမ်ကိုကြည့်ပီးမေးလိုက်သည်။
"ထူခြားတာရှိလား?" လီယောင်နင်ကစပျစ်သီးနဲနဲယူ စားရင်းပန်းကန်ကိုလီရမ်ဘက်တိုးပေးကာမေးလိုက် သည်။ဒီလှုပ်ရှားမှုကိုအသားကျနေတဲ့ လီရမ်ကအေးဆေး စွာယူစားလိုက်သည်။ လီရမ်ကစပျစ်သီးကြိုက်သူဖြစ် သည်။ လီရမ်ကစားပီးတော့မှသူ့ကိုယ်သူအပြစ်တင် လိုက်သည်..သူဒီကိုသတင်းလာပို့တာမဟုတ်လား? ဘယ်တုန်းကအစားလာစားတာလဲ? သခင်မလေးဒီလို တွေဘယ်လောက်ထိသည်းခံပေးနေမှာလဲ?
![](https://img.wattpad.com/cover/286099014-288-k332409.jpg)
YOU ARE READING
Reborn Spoiled Ming Wangfei
Fiksi Umum*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...