( Part-2 )

148 18 0
                                    


" chanyeol ရေ .. "
ဆိုပြီး ငိုကာ ညကြီးသန်းခေါင် ဖုန်းဆက်လာသည့် သူမကအရက်လည်းမူးနေပုံရတာမို့
chanyeol တော်တော်စိတ်ပူသွားရသည် ။

" အွန်းချယ် နင်အခု ဘယ်မှာလဲ အရက်ဆိုင်မှာလား!"

" အေ့.. ဟုတ်ဘူး ...အဆောင်ပြန်ရောက်နေပြီ .. "

ဒီသူငယ်ချင်းမလေးဟာ ခုချိန်ထိ chanyeol ကို
စိတ်ပူနေရအောင်လုပ်တုန်းပါပဲ...

" အိပ်တော့ အိပ်တော့ မနက်ကျမထနိုင်ပဲနေမယ် .. "

" ဘယ်လိုလုပ် အိပ်နိုင်မှာလဲ chanyeol ရယ်
ဟင့် ဟင့်.. ကိုကိုကလေ
ဟင့် .. နောက်အသစ်တွေ့နေပြီထင်တယ်
ငါ့ကို ထားသွားတော့မယ် .. "

ပြောရင်းငိုနေပြန်သော အွန်းချယ်ကြောင့်
Chanyeol မှာ ဟိုကောင့်ကို အမှုန့်ခြေချင်စိတ်များ
ပေါ်လာရသည် ။

ငယ်ငယ်တည်းက
အရိပ်တကြည့်ကြည့်နေလာရသည့်
သူငယ်ချင်းမလေးမလို့ သူမကိုတော့
အပြစ်မတင်ချင်
ဟူး အွန်းချယ်ရာ အဲလိုကောင်ကိုမှ ..

တစ္ဖက္က စကားသံအဆက်ပြတ်သွားပုံအရ
မူးမူးနှင့် အိပ်ပျော်သွားပြီထင်သည် ။

နောက်နေ့ကျတော့ အေးဆေးမေးရသည် ။

" အွန်းချယ် ..သူနင့်ကိုဘာပြောလဲ.. "

ကိုယ့်မှာတော့ စိတ်ပူစွာမေးပေမယ့်
ပြန်ဖြေတဲ့သူမက ဟိုနေ့ညက ငိုခဲ့တာ
သူမ မဟုတ်သလို .....

" ကိုကိုက message လေးတော့ပို့ရှာသား
စိတ်ထဲမထားနဲ့တဲ့ .. "

" အဲတော့ နင်က .. "

" ဟဲ့ ဘာဖြစ်ရမှာလဲ ကိုကိုက စိတ်ထဲမထားနဲ့ဆို
မထားရုံပေါ့.. "

ဟင်..
နာအွန်းချယ်တို့ ဘယ်တုန်းက
ဒီလောက်သည်းခံတတ်သွားတာလဲ ..
ငယ်ငယ်က သူအလိုမကျရင်
chanyeol ကို ထုရိုက်ပြီး အနိုင်ကျင့်နေကြ
သူမကလေ .....

" မဟုတ်သေးပါဘူးဟာ အွန်းချယ်ရား
ငါနင့်ကိစ္စကို ဝင်ပါတာတော့မဟုတ်ဘူး ..
မနေ့ညက ဘားမှာ ဂျုံအင်က နင့်လူကို
ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့ "

" ဟင်း..ကိုကိုက ဒီလိုပဲ... မိန်းကလေးတွေကို
အလိုက်သင့်ဆက်ဆံတတ်တာပါ "

The Opposite Sides Of LoveWhere stories live. Discover now