( Part-6 )

130 12 1
                                    

" ကိုကြီး jongin ကိုကြီး jongin ... "

ဘောပင်ကို နားရွက်နောက်ညှပ်ရင်း စာလုပ်ဟန်ဆောင်ကာ အတန်းထဲက ပျိုမဒီလေးကို
ကြောင်ဖို့ ရည်းစားစာတစ်စောင် သည်းကြီးမဲကြီး
ရေးနေချိန် .....

ရပ်ကွက်ထဲက ကလေးတစ်သိုက်အော်သံကြောင့်
ရေးနေသော အချစ်ကဗျာလေးမှာ
တစ်ဝက်တစ်ပျက် ။

" ဘာတုန်းကွ ... "

ကလေးတွေဆိုသော်လည်း မူလတန်းကနေ
အလယ်တန်းအထိ ဆိုဒ်စုံပင် .....

" ဒီနေ့ သားတို့ ဟိုဘက်ရပ်ကွက်ကကောင်တွေနဲ့
ဘောလုံးချိန်းကန်မလို့ဟာ
ဟိုကောင်တွေ ညစ်လွန်းတယ် ကိုကြီး ... "

ခေါင်းဆောင်ကလေးက အားကိုးတကြီးလာတိုင်တော့ နေရင်းထိုင်ရင်းပင်
ဘဝင်မြင့်ချင်သွားသည် ။

Kim jongin ကို အချဉ်များမှတ်နေလား
ကလေးဗိုလ်နော် ဘာမှတ်နေသလဲ
ပေါ့သေးသေးတော့မဟုတ်ဘူး ...

" ကဲ ပြောစမ်း ... "

" သားတို့ချည်းပဲမဟုတ်ပဲနဲ့ ဟိုကောင်တွေက
အစ်ကိုကြီးတစ်ယောက်ကို ခေါ်လာတယ် ... "

တစ်ယောက်တစ်ပေါက်အော်သံတွေအဆုံး
ရှင်းရှင်းလင်းလင်းသိလိုက်ရသည်က

ကလေးချင်းဘောလုံးကန်တာကို ဟိုဘက်ရပ်ကွက်က
ကလေးဗိုလ် ကြီးကောင်ကြီးမားကောင်
တစ်ယောက်ကို အကူအဖြစ် ခေါ်လာတယ် ...

ဒါကိုမကျေနပ်ကြတာ
ဟုတ်ပြီ ဟုတ်ပြီ .....

ဒါမျိုးမိမိလက်မခံပါဘူးနော်

" အဲတော့ "

" ကိုကြီးလည်း သားတို့ဘက်က လိုက်ကန်ပေးပေါ့ "

ဆေးကျောင်းဒုတိယနှစ်ပင် ရောက်နေပြီဖြစ်နေသော်
လည်း ဒါမျိုးဆို နှစ်ခါမခေါ်ရ ။

" အေး ခနပဲစောင့်
ငါ့ရပ်ကွက်လာပြီး ဗိုလ်လုပ်ချင်တဲ့ကောင်
ငါနဲ့တွေ့မယ် .....
မင်းတို့ကိုကြီး လက်စလက်နကိုသိတယ်မလား ... "


သို့ဖြင့် kim jongin တစ်ယောက် အရပ်ကြီး
ထောင်ထောင်ထောင်ထောင်နှင့် ကိုးရို့ကားရား
လိုက်ပါသွားလေတော့သည် ။

The Opposite Sides Of LoveWhere stories live. Discover now