( Part-3)

135 15 2
                                    


ထပ်ပြီးမပတ်သတ်တော့ပါဘူးလို့
အကြိမ်ကြိမ်တွေးထားသော်လည်း
Chanyeol နဲ့ သူ့ရဲ့ရေစက်က ကုန်သေးပုံမရ
တည့်တည့်ကြီးတွေ့ဖို့ အကြောင်းဖန်လာသည်။

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
chanyeol အပြင်ထွက်ဖို့တွေးလိုက်သည် ။

ကျောင်းကအဆောင်မှာနေသော chanyeolအတွက်
အပြင်ဆိုတာ ထွက်ချင်တိုင်းထွက်မရသဖြင့်
ဒီလို ရှားရှားပါးပါး holiday လေးရတာကိုပဲ
ကျေးဇူးတင်ရသည် ။

ဆေးကျောင်းဆိုတော့ သိတဲ့အတိုင်း
စာက အလွန်ကိုများသည် ။


ပိတ်ရက်လေးတော့ ခေါင်းဆေးတဲ့အနေနဲ့
ဟန်မြစ်ကမ်းမှာ စက်ဘီးလျှောက်စီးရမယ်


လေနုအေးလေးဟာ ဆံနွယ်တို့ကို ဝေ့ကာတိုက်ခတ်
လျက် ကျီစယ်နေသည် ။
သီချင်းအေးအေးလေးတစ်ပုဒ်ကို ခပ္တိုးတိုးဆိုကာ
ကုန်းမြင့်တစ်ခုမှလျှောဆင်းလိုက်သည် ။


အရှိန်လျှော့ရန် ဘရိတ်ကိုဆွဲလိုက်သည်တွင်


ဟင် ဘာဖြစ်တာလဲ ဘရိတ်က ဆွဲမရတော့ဘူး .....

မစီးတာကြာနေပြီဖြစ်သော စက်ဘီးကို သေချာအစစ်အဆေးမလုပ်ခဲ့တာဟာ
chanyeol အမှားဖြစ်သွားပြီ

ဘုရားသခင်..
တပည့်တော်ကို ကယ်ပါဦး
တပည့်တော် မသေချင်သေးပါဘူး...


ကုန်းမြင့်ကနေ အရှိန်နှင့်ဆင်းနေသော စက်ဘီးကို
ရပ်သွားအောင် လှဲချလိုက်မည်ဆိုလျှင်
ခေါင်းကွဲတာ ဒါမှမဟုတ် ခန္ဓာကိုယ် ပွန်းပဲ့သွားဖို့ကတော့ သေချာသလောက်ရှိတယ်


ကြောက်စိတ်ကြောင့် ဖြစ်ချင်ရာဖြစ် မျက်လုံးကို
စုံမှိတ်ကာ လက်ကိုင်ကိုကွေ့ချလိုက်တော့
စက်ဘီးက တစ်စုံတရာကို အုန်းခနဲတိုက်မိလျက်သား

အရှိန်ကြောင့် chanyeol လဲ စက်ဘီးပေါ်မှ
လွင့်စင်သွားသည် ။

ကြောက်အားလန့်အား မျက်လုံးကိုဖွင့်ကြည့်မိတော့
သူကခပ်လှမ်းလှမ်းက မြက်ခင်းပေါ်ကို
လွင့်သွားခဲ့တာပဲ

ငါမေသသေးဘူး .....

မြက်ခင်းအမာနဲ့ ထိရိုက်မိသည့်အရှိန်ကြောင့်
တော်တော်ကို အောင့်တက်သွားသော ခါးရိုးကို
ကိုင်ရင်း ထောနဲ့ထောနဲ့ထရပ်လိုက်သည် ။

The Opposite Sides Of LoveWhere stories live. Discover now