( Part-5 )

134 14 6
                                    



ဝုန်း .....

ကျောင်းရှေ့ရောက်တော့ ကားပေါ်မှဆင်းပြီးသည်နှင့်
ကားတံခါးကို အသံအကျယ်ကြီးမြည်အောင်
တမင်တကာစောင့်ပိတ်လိုက်ခြင်းဖြင့် စိတ်တိုနေကြောင်း ပြလိုက်သည် ။

" ဟား ..ဖြေးဖြေးလုပ်ပါကွ .. ထပ်လျော်ရရင်
ငါနဲ့တွဲချိန်ပိုကြာသွားမယ်နော် "

ကားကူရှင်ကို ခပ်လျော့လျော့မှီထိုင်ကာ
ခပ်တည်တည်ကြီးပြောလာသောသူ့ကို လက်ခလယ်
ထောင်ပြလိုက်သည် ။

" ဟားဟား .. "

သူရီနေတာကို ငေးကြည့်နေမိသည် ။
သွားဖုံးတွေပေါ်လာအောင် ရီနေသည်က သေချာပေါက်ရုပ်ဆိုးမည်မှန်သော်လည်း chanyeol မျက်လုံးထဲမှာ ထိုတရုတ်ကောင်က
ဘာကြောင့်ငေးမောဖွယ်ရာဖြစ်နေရတာလဲ ။

ရီနေတာ ရုပ်ဆိုးလိုက်တာလို့ တွေးနေမိသော်လည်း
လက်တွေ့မှာတော့ ရင်အစုံက သိသိသာသာခုန်နေကာ
ဆက်ငေးနေဖို့ဆန္ဒသာရှိခဲ့တယ် ..

ကျောင်းခန်းထဲသို့ မှုန်မှိုင်းမှိုင်းရုပ်နဲ့ ဝင်လာသော
chanyeol ကို jongin က စပ်စုချင်ဇောဖြင့်
အပြေးအလွှားအနားလာကပ်သည် ။

" ဟေ့ကောင် ဘာတွေလဲ မင်းနဲ့ wu yifan က "

" jongin ရား ... "

.
.
.
.
.
.
.
.
.



အဖြစ်အပျက်အကုန်ကို ရှင်းပြလိုက်သည်တွင်
ခုနက ခုန်လှုပ်ခဲ့တဲ့နှလုံးသားအကြောင်းကိုတော့
သေချာပေါက် ချန်လှပ်ခဲ့သည်ပေါ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းဘေးက cafe ဆိုင်တစ်ခုရဲ့အနားမှာ
Chanyeol ရစ်သီရစ်သီနှင့် သစ်ပင်ရိပ်ကိုကွယ်ကာ
တစ်စုံတစ်ယောက်ကိုချောင်းနေရသည် ။

စိတ်မရှည်သည့်ဟန်နှင့် ဆွဲထားသည့်လက်ကို
အတင်းရုန်းနေသော wu yifan ကို

ဒီလောက်တောင်ရုန်းချင်ဦးဟာ

လက်ခုံကိုခပ်ပြင်းပြင်းဆွဲဆိတ်ပေးလိုက်မှ
ငြိမ်သွားတော့တယ် ..

" ကျွတ် ...... "

ဆေးလိပ်မီးစကို ဖိနပ်ဦးနှင့်ထိုးချေနေသော
wu yifan ထံမှ စိတ်မရှည်သလို
စုတ်သပ်သံထွက်လာသည် ။

The Opposite Sides Of LoveWhere stories live. Discover now