( Part-4 )

144 13 3
                                    


"ကျွန်တော်တို့ တွဲကြတာပေါ့ .. "


ဟူး ...
လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်မိသည်။
Wu yifanနဲ့ ရေစက်ဆိုးကတော့
ရှည်ဦးမယ်ထင်ပါတယ်

ပြောပြီးမှ chanyeolနောင်တရချင်နေမိသည်။
ခုမွတော့မတတ်နိုင်ဘူးလေ
သူစထားတဲ့ဇာတ်လမ်းကိုသူပြီးအောင်တော့ကရမှာပဲ


အဆောင်ပြန်ရောက်တော့ အဝတ်အစားပင်မလဲနိုင်
အိပ်ရာထဲမှာ ကားယားကြီးမှောက်နေမိသည်။



ရုတ်တရတ်ဖုန်းမြည်သံကြားရ၍ ကြည့်လိုက်တော့
" ဗရုတ်သုတ်ခဂျလေဘီကောင် " ဟုမှတ်ထားသော
contactက ထင်ထင်ရှားရှား


"ဟေ့ ငါ့ရည်းစားအသစ်စက်စက်လေး "


ကြည့် ပြောပုံကိုက


" ဘာလဲ .. "

"ဖြေးဖြေးပြောပါကွ မင်းကလဲ
အခု မင်းအဆောင်မှာမလား "


"အဆောင်မှာမရှိလို့ ကျွန်တော်ဘယ်သွားရမှာလဲ "


"အခု မင်းကောင်လေး မင်းဆီလာနေတာ
ထွက်မကြိုချင်ဘူးလား ..
မိုးတွေကသည်းတယ်ကွာ မင့်ကိုတွေ့ချင်လို့သာ
ပြေးလာရမှာ .. အဆောင်ရှေ့ထွက်ခဲ့ "

တစ်ဖွဲဖွဲရွာနေသောမိုးကြောင့် သူ့အသံကို
မိုးရေသံများကြား ခပ်ဝါးဝါးကြားနေရသည် ။


မင်းကောင်လေး ဆိုလို့
မနည်းစဉ်းစားယူလိုက်ရသေးသည်။
အော် ..park chanyeol လေးခမျာ
ပထမဆုံးရည်းစားထားခါမှ
romantic ဆန်ချက်ကတော့
ရည်းစားက ဆိုက်တူဂိုက်တူအထီးကြီး


" အပိုမပြောပါနဲ့ ဘာကိစ္စထွက်ကြိုရမှာလဲ !!
ပြီးတော့ ခင်ဗျားက ..ကလေးမို့လို့မိုးရေထဲမှာလျှောက်ပြေးနေရမှာလား ....
အင်း ရူးလို့ပြေးရင်တောင်
ကျွန်တော်စိတ်မပူဘူး "


" ဟ ငါကလဲ အ့လိုစွာမှကြိုက်တာ
အခု ကိုကြီး မင့်ဆီလာနေပြီ date ရအောင် "


"မိုးရွာနေတယ်လေ ရူးနေလား ပြီးတော့
ခင်ဗျားနဲ့ ကျွန်တော်က dateလောက်တဲ့အထိမလိုဘူးနော် "


"မင်းကလေ မိန်းကလေးအတိုင်းပဲ
တော်တော်ရစ်ပါလား ..
မင်းရောငါရော ယောကျ်ားပဲလေ
မိုးစိုရုံနဲ့ မသေပါဘူး "


The Opposite Sides Of LoveWhere stories live. Discover now