( Part-9 )

142 13 2
                                    


" ကျတော် ပြန်တော့မယ် ... "

ဟူဒီခေါင်းစွပ်ကို မျက်လုံးထိအုပ်အောင်ဆောင်းလိုက်ရင်း ပိုက်ဆံအိတ်ကိုဆွဲယူလိုက်သည် ။

" မပြန်နဲ့ အရမ်းညဥ့်နက်နေပြီ ... "


ခုတင်ခေါင်းရင်းအား ခပ်လျော့လျော့မှီထိုင်ရင်းမှ
ထလာ၍ chanyeol ဆီသို့ လျှောက်လာသည် ။


အချိန်ကိုကြည့်တော့ ည ၁၁ နာရီစွန်းစွန်း ။

" ရတယ် ... "


" မင်းရပေမယ့် ငါမရဘူးလေ ...
ငါစိတ်မချဘူး ... ဒီမှာအိပ်သွား .. "



" အပိုတွေလုပ်မနေနဲ့ ...
ကျတော်ယောကျာ်းလေး
ဘာမှမဖြစ်ဘူး... "

" ကျွတ် စကားများလိုက်တာကွာ ... "



" ပြန်မှာပဲ ..... "


တကယ်တော့ chanyeol မပြန်ချင်ဘူး ...
လုံးဝကိုမပြန်ချင်တာ ။

အနည်းငယ်နီနေသော မျက်လုံးတွေနဲ့
အလိုလိုနေရင်းဝမ်းနည်းနေသောစိတ်ကြောင့်
သူရိပ်မိသွားမှာစိုးသောကြောင့်သာ
ပြန်မယ်ပြောနေရတာ ..... "



" အား ... ခေါင်းထဲကတစ်ရိပ်ရိပ်မူးလာသလိုပဲ
ညကြီးသန်းခေါင်
ဦးနှောက်သွေးကြောပြတ်သွားရင်တောင်
ကူမဲ့သူရှိမှာမဟုတ်ဘူး  မူးလိုက်တာ ... "



နားထင်ကြောအား လက်ဖြင့်ဖိထားရင်း
တစ်အားအားအော်ကာ မူယာမာယာများနေသူက
chanyeol က သူဟန်ဆောင်နေတာမသိဘူးဆိုတော့လေ ...


တစ်စက်လေးမှ မပီပြင်ပုံများ wu yifan ...


chanyeol သူ့ကိုကြည့်ရင်းရီမိလိုက်သည်တွင်
သူကပါ လိုက်ရီပြလို့ပါလား .....


ရုပ်ဆိုးလိုက်တာ ခင်ဗျားရာ ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~



" ဒီမှာ ဖက်လုံးတွေ့လား ...
ဒီစည်းကိုလုံးဝကျော်မလာနဲ့နော် "


king size မွေ့ယာကျယ်၏ အလယ်တွင်
ဖက်လုံးတစ်ခုအားထားလိုက်ကာ စည်းသဖွယ်တားလိုက်သည် ။


ခေါင်းအုံးအားလက်ထောက်ကာ chanyeol ကို
ပြုံးပြုံးကြီးကြည့်နေသူက မျက်ခုံးပင့်ထားလျက်
ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါ .....

The Opposite Sides Of LoveWhere stories live. Discover now