မြောင်ဆူ တစ်ယောက် အသံဗြဲနဲ့ အော်လို့ ပြီးတဲ့ အထိ စောင့်ပြီးမှ
ကိုယ်ရံတော် ဂင် က တည်တည် ငြိမ်ငြိမ် ဟန်ဆောင်လျက် စကားစ သည်။''မင်း အော်လို့ ပြီးရင်လည်း
သွားကြမယ် မဟုတ် ရင်
ချောဟားကို ခေါ်ဖို့ နောက်ကျ နေလိမ့်မယ်''မြောင်ဆူ ခေါင်းကို အပြင်းအထန် ညိတ်ရင်း
''ဟုတ်တယ် ဟုတ်တယ်
ဒီ တစ်ခါ အခွင့်  အ ရေးကို
ကျွန်တော် လက်လွှတ်မခံနိုင်ဘူး
ခဏ နေကျ နေဝင်သွားရင်
ဟုန်နယ်ဂွမ်လည်း ပြန်ရောက်လောက်ပြီ ''နှစ်ဦးသား ပြောဆိုတိုင်ပင်ပြီး
တစ်ယောက်က ချောဟားကို သွား မ'ကာ နောက်တစ်ယောက်က တော့
ဟုန်နယ်ဂွမ်ထံ သွားဖို့ ပြင်သည်။နေ ရောင် ပျောက် လို့ လရောင် အနည်း ငယ် ရလာချိန်မှာတော့
ဟုန်နယ်ဂွမ် တစ်ယောက် နန်းဆောင် ဟာင်းနား ယောင်လည်လည်နဲ့
ရောက်လာသည်။မြောင်ဆူ နဲ့ ကိုယ်ရံတော် ဂင်တို့ က တော့
နန်းဆောင်ဟောင်းထဲမှာ
ပုန်းကာ ဟုန်နယ်ဂွမ်ကို
ခြောက်ဖို့ ပြင်နေကြသည်။ခပ်ကြောင်ကြောင် ပြုံးနေသည့်
ဂင်ဟျောင်းရဲ့ အပြုံး ကြောင့်
မြောင်ဆူမှာ ခဏ လောက်
အေးခဲသွားရ သည်။"အဲ့လို ကြီး မပြုံးနဲ့ ဂင်ဟျောင်းရာ
အရမ်းကျောချမ်းစရာကောင်းတာပဲ
လူယုတ်မာ ပြုံး ဆိုတာလိုမျိုးကြီး"ဂင်ဟျောင်းမှာ သူ့ ဘက် တစ်ချက်လှည့် ပြုံးရင်း
"မြောင်ဆူ လေး ပဲ စဉ်းစားကြည့်
ငါတို့က ခြောက်ဖို့ ဒီ လို တကူး တက
ပုန်းနေတာလေ
ကံ ကောင်းရင် ချောဟား က
ရောက်လာပြီး ကယ်တင်တဲ့ အခါ
ငါတို့ အပိုဆု လေး ဘာလေး
မမြင်ရနိုင်ဘူးလား ပြော
ဒီတော့ ငါတို့ က ပိုပို သာသာ လေး
ခြောက်ပေးရမယ် ဟုတ်ပြီလား"ထုပ်တန်းပေါ်တွယ်တက်နေရင်း
ပါးစပ်ကပါ ပြောသွားတဲ့
ကိုယ်ရံတော်ဂင်ကို
သူ လက်ဖျားသာ ခါမိတော့သည်။"ဂင်ဟျောင်း အ တော်ဆုံးပဲ သိလား
ကျွန်တော်လည်း ဒီ နား က ပုန်းပြီး
စပါယ်ရှယ် အသံတွေ လုပ်ပေးမယ်
သိလား ဝူး ဟား ဟား ဟား ဟား"
YOU ARE READING
မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}
Fanfictionဇာတ်လမ်းတွဲတွေ ကြည့် ရင်း စိတ်ကူးယဉ်ဖူးကြပါသလား။ ကိုယ် သာ ဇာတ်လမ်းတွဲထဲ ရောက်သွားခဲ့ ရင် ဘာလုပ်ချင်လဲ စဉ်းစားဖူးပါသလား ။ စိတ်ကူးယဉ်မိတဲ့ အတိုင်း ဇာတ်လမ်းတွဲထဲ ရောက်ရှိသွားခဲ့ရင် အလွဲတွေမပါပဲ ရှေ့ဆက်နိုင်ပါ့ မလား ။ ဟုတ်ကဲ့ အလွဲတွေနဲ့ ဇာတ်လိုက် ကေ...