Part(10)

159 30 5
                                    

အ ရှေ့နန်းဆောင်မှာ ပုံမှန် အတိုင်းပင်
သွားလာလှုပ်ရှားလျက်။

မြောင်ဆူမှာ မနက်ခင်း ချောဟားရဲ့
တစ်ကိုယ်ရေ သန့်ရှင်းဖို့ရာ
တာဝန်ယူသည့် အဖွဲ့ထိပင် အဆင့်တက်လာလေပြီ။

ဟွမ်းနယ်ဂွမ် မှာ မြောင်ဆူကို
သိပ် သ ဘောမကျ ပေမယ့်
ချောဟား ရယ်သံ ထွက်လာသည့်
နေ့မှ စပြီး သူ့ ကို အပြစ်တင်တာမျိုး
မရှိတော့။

မြောင်ဆူ ကလည်း  တိတ်တဆိတ်ပင်
ဟွမ်းနယ်ဂွမ် နောက်နားတွင်သာ
နေရင်း
သူ့ရဲ့ စောင့်ကြည့် ရေး လုပ်ငန်းစဉ်ကို အားကြိုးမာန်တက် လုပ်နေတတ်သည်။

ဒီ နေ့လည်း မြောင်ဆူ တစ်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်နေ လေပြီ။

မိန်းမစိုး အသစ် ရွေးချယ်ပွဲက
ဒီနေ့မှာ ဖြစ်မည်ပင်။

ဖားမျက်နှာတို့ ထံမှ သူ
သတင်း အတိအကျ ရထားသည်။
ထိုနေ့မြင်ကွင်းက မျက်လုံးထဲ
ဝင်လာသည်။

မိန်းမစိုး ဝတ်စုံ ဝတ်ထားမည့်
ချောဟားကို တွေး ကြည့်ရုံနဲ့ပင်
သူ့မှာ အူတက်ရသည်။

ဇာတ်လမ်းကြည့်စဉ်ကပင်
ရယ်ခဲ့ရမျှ အခု အပြင်မှာ
လက်တွေ့ တွေ့ဖို့ သူစိတ်လှုပ်ရှားနေတော့သည်။

တစ်ခု ရှိတာက အခု ထိ
သူ့ ချောဟားမှာ စာကြည့် ဆောင်မှ
တစ်ဖဝါးမှပင် မခွာသေး။

ဒီအတိုင်းဆို လူတွေ့ခန္ဓာ စစ်ဆေးမှုပင်
ပြီးတော့မည်။

သူ့ရှေ့ ချောဟားေ ကျာက်ရုပ်မှာ
တုပ်တုပ်မှ မလှုပ်။

မဖြစ်ဘူး ငါဝင်ပါမှ ဖြစ်တော့မယ်။

မြောင်ဆူ သတ္တိမွေးရင်းစကား စလိုက်သည်။

'' ချောဟား ဒီ နေ့ လေ
မိန်းမစိုး အသစ် ရွေးပွဲ ရှိတယ် ကြားမိတယ်''

လီယောင်းမှာ ဖတ်လက်စ စာအုပ်ဆီက
အကြည့်ခွာလိုက်ရင်း
မြောင်ဆူကို တစ်ချက်ကြည့်လိုက်သည်။

'' အဲ့ဒီတော့ ……''

''အဲ့ဒါ အ ရှင့်သားများ သွားချင်နေမလားလို့''

လီယောင်း စာအုပ်ကို ပဲ ပြန်ဖတ်လိုက်ရင်း

'' ကိုယ်တော်က  မိန်းမစိုး အသစ်ရွေးပွဲ
ဘာလုပ်ဖို့သွားရမှာလဲ
အခုတောင် မင်းရယ် ဟွမ်းနယ်ဂွမ်ရယ်နဲ့တင် နား တော်တော်ပူနေပြီ''

မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}حيث تعيش القصص. اكتشف الآن