Part(14)

80 17 0
                                    

နှစ်ဦးသား အ ခြောက် ကောင်းခြင်းရဲ့
ရလဒ် က တော့
က လေး တွေလို လက် မြှောက်လိုက်ရခြင်းပါပဲ။

မြောင်ဆူသာမက ကိုယ်ရံတော် ဂင်ကိုပါ ဒူး ထောက် လက် မြှောက် ခိုင်းထားပြီး
ချောဟား က တော့ သူတို့ ရှေ့မှာ
ဟိုဘက် လျှောက် လိုက် ဒီဘက် လျှောက်လိုက် လုပ်နေ တော့သည်။

ဒူးထောက်နေရသူ နှစ်ယောက်မှာ
သူ့ ကိုယ်ကြည့်  ကိုယ့် သူပြန်ကြည့်
လုပ်ရင်း ငိုမဲ့မဲ့ ရုပ်ပင် ဖြစ်နေတော့၏

လီယောင်းတစ်ယောက် ဝတ်ရုံလက်ကို ခါရင်း

" မင်းတို့ နှစ်ယောက်လုံး ဘယ်လို
အမြင်မ တော် တာကို လုပ်ခဲ့လဲ
သိကြတယ်မလား ကိုယ်တော်
သာမဟုတ်ပဲ တခြား လူသာဆို
နှစ်ယောက်လုံး ခေါင်းပြတ်နေပြီ"

ကိုယ်ရံ တော်ဂင်မှာ ဘာမှ မ ပြောပဲ
တိတ်နေ ပေမယ့် ဟန်ဆောင်ငစွာ
မြောင်ဆူမှာ အာချောင်တော့သည်။

" ချောဟား ကလည်း ကျွန်တော်မျိုးတို့က ဘာလုပ်လို့လဲ
ဒီတိုင်း …ဒီတိုင်းလေး ခြောက်လိုက်ရုံ လေးကို "

လီယောင်းမှာ မြောင်ဆူ ရှေ့နားရပ်ကာ
သူ့ နဖူး ကို လက်နဲ့ တောက်ရင်း

"ပြန်ပြော ရဲတဲ့ သတ္တိတော့ ရှိသေးတယ်ပေါ့ ဟုတ်လား"

မသိလိုက် မသိဘာသာ မြောင်ဆူ
နှုတ်ခမ်းဆူနေရင်း

"တကယ်လည်း ဘာမှ မလုပ်ခဲ့တာကို
သူက အဲ့ကို ဝင်လာလို့
ချောဟား အစား လက်စားချေ ပေးတာပါဆို ကျွန်တော် မျိုး မလွန်ဘူးမလား"

လီယောင်း မျက်နှာထက်က
ဒေါသက နည်းနည်းတော့ လျော့သွားပြီး

"မင်း  အ လျှောက် ကောင်းလို့
အ ထောင်းသက်သာ တယ်မှတ်ပါ
ပြီးတော့ ဗြောင်ယွန်း မင်းက ရော
အင်္ကျီချွတ်ပြီး နေတော့ မလို့ လား
နောက်ဆို ဒါမျိုး ထပ်မဖြစ် စေနဲ့"

ဒီစကား ကြားလိုက်မှ နှစ်ယောက် သား
ခေါင်းကို ပုတ်သင်ညိုထက်
သာအောင် အပြိုင် ညိတ်ရင်း

"နောက် မဖြစ် စေရ တော့ပါဘူး"

လီယောင်း ခေါင်း ညိတ်လိုက်ပြီး

မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}Où les histoires vivent. Découvrez maintenant