Part (16)

95 15 0
                                    

နောက်တစ်နေ့မှာတော့ မြောင်ဆူတစ်ယောက် ဆင်နင်းထားသလို လေးလံ နေတဲ့ ခေါင်းနဲ့ နိုးလာတော့သည်။
သူ နောက်ဆုံးမှတ်မိသည်က သေ လောက်အောင် ပြင်းသည့်
ချောဟားရဲ့ သေရည်အိုးပင်။

သောက်နိုင်စွမ်း သိပ်မနိမ့်လှတဲ့ သူ့ကို မှောက်အောင် ပြင်းနိုင်လှသည့် အယ်ကိုဟော ကို တော့ မြောင် ဆူ လက်ဖျားခါသည်။
သူသတိမထားမိသည်က မြောင်ဆူ ရဲ့ အမှန်တကယ် ခန္ဓာမှာ အရင်ဘဝက လောက် သက်တမ်းမရင့် သေးသည်ကိုပင် ။

လေးလံ လှတဲ့ ခေါင်းကို သယ်ရင်း အ ရှေ့ နန်းဆောင်ကို တ ရွေ့ ရွေ့ ရောက်လာတဲ့ မြောင်ဆူဟာ လိပ် တစ်ကောင်နှင့်ပင် ဆင်တူ လှ သေးသည်။
မျက်ထောက်နီနဲ့ စိုက်ကြည့် နေတဲ့
ဟွမ်းနယ်ဂွမ်ရဲ့ အကြည့် တို့ ကို ရှောင်ရင်း
တစ်ချက် နှုတ်ဆက်လိုက်သည်။

"ဟွမ်းနယ်ဂွမ် ကျွန်တော် ရောက်ပါပြီ"

ဟွမ်းနယ်ဂွမ် မှာ ဟမ့်ခနဲ့ တစ်ချက်အသံပြုရင်း

"အခုက ဘယ်အချိန်ရှိနေပြီလဲ ချောဟားက မျက်နှာသာ ပေးတယ်ဆိုပြီး
မခန့် လေးစားလုပ်ချင်နေတာလား
မင်း အပြစ် ပေးခံဖို့ ပြင်ထားပေ တော့"

အပြစ် ဆိုသည့် အသံ ကြားရုံနဲ့တင်
မြောင်ဆူ တစ်ယောက် တင်ပါးလေးတွန့်သွားရပြီး

"တစ်ခါလောက်တော့ ခွင့်လွှတ်ပေးပါ
ဟွမ်းနယ်ဂွမ်ခင်ဗျ ကျွန်တော် နောက်ဆို ဒီ လို ထပ်မဖြစ်စေရပါဘူး"

မြောင်ဆူ့ စကားကို ထိုလူမှာ မကြားသလို လုပ်ပြီး

"အပြစ်က တော့ လျော့ ပေါ့ ပေးမယ် မထင်နဲ့
ဒီနေ့ ခစားချိန်ပြီးတာနဲ့  တုတ် အချက်နှစ်ဆယ် အပြစ် သွားယူလိုက် အခုတော့ ချောဟားကို
ဝင်ပြီးခစားလိုက် မြန်မြန်လုပ်"

မြောင်ဆူ တစ်ယောက် ဘာမှ မတတ်နိုင်ပဲ ခေါင်းကိုသာ အခါခါ ညိတ်ရင်း
အ ဆောင်ထဲ ဝင် လိုက်ရ တော့သည်။
အ ဆောင်ထဲ တွင်တော့
မနက်ခင်း ဝတ်ရုံတောင် လဲပြီးနေတဲ့
ချောဟားက စာအုပ်တစ်အုပ်ကို
ဖတ်ရှုနေ လေသည်။
ဟွမ်းနယ်ဂွမ် စိတ်ဆိုးတာလည်း
မ ပြောလေနဲ့ သူ  အ တော်ပင်
နောက်ကျ ခဲ့သည်ကိုး။
တာဝန်ချိန်ပြီးလို့ က တော့
ဖင်တွေ တော့ စုတ်ပြတ် နေ လောက်ပြီ လေ။
စဉ်းစားရင်းကပင် မြောင်ဆူ့ ကိုယ် လေးမှာ တုန်တက်သွားရပြန်သည်။
ဘယ်လောက်ပင် ဇာတ်လမ်းကမ္ဘာ ရောက်လာသည် ဆိုဆို
ဒီ ခန္ဓာကိုယ်က တော့ အထုပ်နဲ့အထည်နဲ့ အ ကောင်လိုက်ကြီး ရှိနေတာပင်။

မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}Donde viven las historias. Descúbrelo ahora