Part (7)

186 38 0
                                    

နေ ရောင်ခြည်က နန်းဆောင် အမိုးစွန်းကိုပင် ကျော်လို့  တော်တော်လေး
တောက်ပ နေပြီ ။
မိန်းမစိုးအိပ်ဆောင်ထဲက ဂျွန်မြောင်ဆူကတော့  အိပ်ကောင်းဆဲ။
ညဘက် မင်းသမီးနန်းဆောင်
အိပ်ဖန်စောင့်  တာဝန်ကျခဲ့တာမို့ 
မနက်စောစော တာဝန်ချိန်ကို
သက်ညာပေးထားပုံပင် ။

ရုတ်တရက် မျက်လုံးအစုံ က ဖျတ်ခနဲ
ပွင့် လာပြီး ထထိုင်မိလိုက်သည်။
လေပူ တစ်ချက်မှုတ်ထုတ်ရင်း

''ဒီအိပ်မက် ထပ်မက်ပြန်ပြီ ''

သူကားတိုက်ပြီး လွင့် ထွက်သွားသည့် 
နာကျင်မှု ။
အရင် ဂျန်ဟယ်ရင် ဘဝ ကတော့ 
ရှေးခေတ် အဝတ်အစား နဲ့ အိပ်မက်ကို
မက်သည် ။
အခု ရှေးခေတ်ရောက်ပြီး ဂျွန်မြောင်ဆူ
ဖြစ်နေတော့  ကားတိုက်ခံရသည့် 
အကြောင်းမက်သည်။

မြောင်ဆူ မိုးပေါ်တစ်ချက်မော့ ကြည့် သလိုလုပ်ရင်း

'' လာနောက်နေတာလားဟမ်
ကားတိုက်လို့ သေပြီလို့ ပြောချင်တာလား
ခဏခဏ သတိပေးနေရအောင်
တကယ်ပဲ လွန်လွန်းတယ်မိုးနတ်မင်းရဲ့ ''

အော်လို့ ဝမှ ထပြီး
ကိုယ်လက်သုတ်သင်လို့  အဝတ်ဝတ်ဖို့ ပြင်သည်။
အခုမှ သတိရလိုက်တာက ဒီနေ့ က

''အားးးးးး ချောဟားတော့  ငါ့ ကို သတ်တော့ မှာပဲ ''

မြောင်ဆူ ရှိသမျှ အားကုန်သုံးပြီး
အိမ်ရှေ့စံနန်းဆောင်ဆီ သုတ်ခြေတင်ပြေး
တော့ သည်။
ဦးထုပ်ကို လက်နဲ့ထိန်းကိုင်ရင်း
ဟော ဟဲ ဆိုက်နေပြီ

'' ချောဟား   ကျွန်တော်မျိုးရောက်ပါပြီ''

သူ့ ချောဟားကတော့  အပြင်ထွက်ရန်
ဝတ်စုံကိုပင် လဲဝတ်ထားပြီး ဝီရိယ ကောင်းလွန်းလှသည်။
မြောင်ဆူ့ ပုံစံကို မြင်တော့  မျက်မှောင်တစ်ချက်ကြုံ့ရင်း

'' မင်းက ဒီပုံနဲ့ လိုက်မလို့ လား တကယ်ပါပဲ''

မြောင်ဆူ သွားတွေပေါ်အောင် တ ဟီးဟီးရယ်ရင်း

'' ကျွန်တော်မျိုး မေ့ သွားလို့ ပါ ချောဟား''

'' ဟွမ်းနယ်ဂွမ် ဒီက လေးကို လဲဝတ်ခိုင်းလိုက် ''

မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}Where stories live. Discover now